တိုင်းရင်းသားစည်းလုံးညီညွတ်မှု သို့မဟုတ် ပြည်ထောင်စု၏တစ်ခုတည်းသောအဖြေ
ပြည်ထောင်စုနေ့ရောက်တိုင်း ပြောနေကျစကားတွေထဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့စကားဟာ ထိပ်ဆုံးကပါပါတယ်။ ဒီကနေ့အထိ မြန်မာနိုင်ငံအတွက် အဓိကအလိုအပ်ဆုံးကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေ စုစည်းနေထိုင်ကြတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကိုယ့်တိုင်းရင်းသားညီအစ်ကိုအချင်းချင်း စည်းလုံးညီညွတ်နေမှ ရေရှည်လက်တွဲ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလျှော့ချဖို့နဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အခြေခံလိုအပ်ချက်လည်းဖြစ်ပါတယ်။