Skip to main content

May 29, 2024

အနောက်တောင်မုတ်သုံလေသည် မေလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသ တနင်္သာရီတိုင်းဒေသကြီးမှ စတင်ဝင်ရောက်ပြီး မေလ ၂၅ ရက်နေ့တွင် မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဝင်ရောက်ခဲ့ပြီဖြစ်သည်။ အနောက်တောင်မုတ်သုံလေဝင်ရောက်ချိန်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်လ်”အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2024

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပြည်ပနိုင်ငံအချို့၊ လူပုဂ္ဂိုလ်အချို့ ပါဝင်ပတ်သက်နေကြကြောင်း သတင်းများတွင် မကြာခဏတွေ့ရသည်။ ခေါင်းစဉ်အမျိုးမျိုးတပ်၍ ငွေကြေးထောက်ပံ့မှု၊ နည်းပညာပံ့ပိုးမှု၊ စစ်ရေးဆိုင်ရာသင်တန်းများပေးမှု၊ တိုက်ပွဲများတွင်ပါဝင်မှု စသည်ဖြင့် ပါဝင်စွက်ဖက်မှုပေါင်းစုံတို့မှာ ပြည်တွင်းပဋိပက္ခမီးတောက်ကို ပိုမိုအရှိန်မြင့်တောက်လောင်စေသည်။ ယင်း၏ဆိုးရွားသည့် အကျိုးဆက်များကို ဦးစွာခံစားကြရသူများမှာ ကျေးလက်ဒေသနေ အပြစ်မဲ့ပြည်သူများ၊ မြို့ပြဒေသနေ အောက်ခြေလူတန်းစား ဝင်ငွေနည်းပြည်သူများဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2024

MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဒေသခံတိုင်းရင်းသားလူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အဓမ္မတာဝန်ထမ်းဆောင်စေခြင်းကြောင့် သောင်းကျန်းသူအဖွဲ့များတွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော တိုင်းရင်းသားလူငယ်များ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး နီးစပ်ရာ တပ်မတော်လုံခြုံရေးတပ်စခန်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများထံသို့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2024

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ဆက်လက်ဖတ်ရှုရန်

May 28, 2024

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များနှင့် ကမ္ဘာ့အမွေအနှစ်စံနှုန်းများနှင့်အညီ ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်းလျက်ရှိသော ပထမအဆင့်ရှေးဟောင်းရေကန် ၄၆ ကန်နှင့် ဒုတိယအဆင့် ရှေးဟောင်းရေကန် ၄၅ ကန်တို့အတွက်

ဆက်လက်ဖတ်ရှုရန်

May 28, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2024

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ  တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2024

မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား နိုင်ငံခြားငွေဖြင့်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် မြန်မာလုပ်သားများ၏ လွှဲပို့ငွေများ တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သောအဖွဲ့နှင့် Siam Commercial Bank ၊ Bangkok Bank ၊ Kasikorn Bank၊ Krung Thai Bank တို့မှတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်