May 28, 2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်) မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပသည်။
May 28, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံပညာအထက် တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
May 28, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာနရုံး အမှတ် (၆)ရှိ ရတနာခန်းမ၌ ကျင်းပသည်။
May 28, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နေပြည်တော်ကောင်စီနယ်မြေမှ နိုင်ငံ့ဝန်ထမ်းသားသမီးများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 28, 2024
အာဆီယံလူမှုသစ်တောဆိုင်ရာ လုပ်ငန်းအဖွဲ့ (ASEAN Working Group on Social Forestry–AWGSF) ၏ (၁၈) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်းကြင်းခန်းမ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
May 28, 2024
ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများ အသိအမှတ်ပြုမှုအစီအစဉ် စတင်မိတ်ဆက်ခြင်း၊ နိုင်ငံအဆင့် အာဆီယံသင်ကြားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ကျင်းပပြုလုပ်သည်။
May 28, 2024
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား သည့်အနေဖြင့် မည်သို့သောအခြေအနေတွင် တွေ့ကြုံရသည့်တိုင် မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်ပြီး အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။
May 28, 2024
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၇၅) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
May 28, 2024
၁။ အောက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသော နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိကိုင်ဆောင်ထားခြင်းမရှိဘဲ နိုင်ငံခြားငွေများအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါအဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ရောင်းဝယ်နေသူများအား အရေးယူဆောင်ရွက်ပြီးဖြစ်သည့်အပြင် ပြည်ပမှ အဝယ်/အရောင်းဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိပါသည်။
May 28, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေစွာ အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်နိုင်ရေး သန်းခေါင် စာရင်းအုပ်ချုပ်မှု သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်း၌ ကျင်းပသည်။