Skip to main content

May 27, 2024

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပြည်တွင်း ပြည်ပ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များနှင့် ကမ္ဘာ့အမွေအနှစ်စံနှုန်းများနှင့်အညီ ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်းလျက်ရှိသော ပထမအဆင့် ရှေးဟောင်းရေကန် ၄၆ ကန်နှင့် ဒုတိယအဆင့် ရှေးဟောင်းရေကန် ၄၅ ကန်တို့အတွက် ပါဝင်လှူဒါန်းလိုပါက ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စီမံ/ဘဏ္ဍာဌာနခွဲ)၊ နေပြည်တော်၊ ဖုန်း၊ ၀၉-၄၄၄၀၄၇၁၂၃၊ ၀၆၇- ၃၄၀၈၄၁၈၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ဖုန်း၊ ၀၉-၅၀၆၁၈၃၂ ၊ ၀၁-၇၅၁၃၈၉၇၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ ဖုန်း၊ ၀၉-၂၀၀၂၁၉၅၊ ၀၂-၄၀၆၀၀၆၁၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ဖုန်း၊ ၀၉-၂၀၀၁၉၀၆ ၊ ၀၆၁- ၂၄၆၀၂၆၉ တို့သို့လည်းကောင်း KBZ Bank NYAUNG OO BRANCH Account No- 06713906701442701 သို့လည်းကောင်း ပေးပို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2024

၁။ အောက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသော နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိ ကိုင်ဆောင်ထားခြင်းမရှိဘဲ နိုင်ငံခြားငွေများအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါအဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ရောင်းဝယ်နေသူများအား အရေးယူဆောင်ရွက်ပြီးဖြစ်သည့်အပြင် ပြည်ပမှ အဝယ်/ အရောင်း ဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2024

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀(င)နှင့် ပုဒ်မ ၆၂ တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူနှင့် စီမံခန့်ခွဲသူဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2024

၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

May 27, 2024

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်စည်ပင်ပြန့်ပြော နှစ်သက်မြတ်နိုးအပ်သော တိုင်းပြည်အဖြစ် တင့်တယ်ဂုဏ်ယူဖွယ် ရပ်တည်နေထိုင်ခဲ့သည်။ ပုဂံကို ဗဟိုပြု၍ အနော်ရထာမင်းတည်ထောင်ခဲ့သော ပထမမြန်မာနိုင်ငံတော်ကြီးသည် နှစ်ပေါင်းသုံးရာနီးပါးတည်တံ့ခဲ့ပြီး အမျိုး၊ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုနှင့် စီးပွားရေး၊ ဆက်ဆံရေး၊ ကာကွယ်ရေးပါမကျန် အင်အားတောင့်တင်းခိုင်မာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 27, 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံလျက်ရှိကြပြီဖြစ်သည်။ နိုင်ငံတော်၏ မျှော်မှန်းချက်မှာ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေးနှင့် အနည်းဆုံး ကျောင်းသူ ကျောင်းသားတိုင်း အခြေခံပညာအလယ်တန်း (KG+9) ပြီးမြောက်ရေးဖြစ်ရာ ကျောင်းအပ်နှံရခြင်းအတွက် မိဘတို့ အခက်မတွေ့စေရန်၊ တစ်ပြားတစ်ကျပ်မျှ မကုန်ကျစေရန် စီမံဆောင်ရွက်ပေးထားသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2024

တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်နှင့် ဒွိပိဋကကော်ဝိဒဘွဲ့တံဆိပ်တော်တို့အား ချီးကျူးဂုဏ်ပြုပူဇော်ခြင်းနှင့် သက်တော်ထင်ရှား သုတဗုဒ္ဓအရှင်မြတ်များထံမှ ဩဝါဒခံယူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တိပိဋကကမ္ဘောဇကျောင်းတိုက်၌ ပြုလုပ်ရာ တိပိဋကမော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဒာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာ သည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Hydraulic Suzhu Plane Cutting Machine လုပ်ငန်းသုံး ဖြတ်စက်နှစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်