May 30, 2024
မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့နှင့်အတူ မြစ်ရေမြင့်တက်လာမည်ဖြစ်သည်။ မြစ်ရေတက်လာမှုပေါ် မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန်အမှတ်အသားများကို ပြသထားမည်ဖြစ်သည်။ ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန်အမှတ်အသားများ တစ်ခါတရံပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြုခုတ်မောင်းကြရန် လိုအပ်သည်။
May 30, 2024
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဇွန် ၆ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲဖြစ်သော မြန်မာ-ဂျပန်ပွဲအတွက် ကြိုတင်လက်မှတ်များ ရောင်းချမည်ဖြစ်သည်။
May 30, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မေ ၂၅ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံ သံနှင့်သံမဏိ အသင်းပထမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မြို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး
May 30, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့ဆေးရုံကြီး ပြင်ဦးလွင်မြို့သို့ သွားရောက်ကာ အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ အထွေထွေရောဂါကုသဆောင်၊ အရိုးရောဂါကုသဆောင်၊ ခွဲစိတ်ကုသဆောင်များ၌ လူနာများဆေးဝါးကုသမှုခံယူနေမှုနှင့် လူနာခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လူနာများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရေးလိုအပ်သည်များ မှာကြားသည်။
May 30, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကံဆွယ်ကျေးရွာအုပ်စု မြသုခကျေးရွာအနီး အနောက်ပြက္ခရွေတောင်ပေါ်ရှိ စွယ်တော်မြတ်စေတီသို့ ဖောက်လုပ်ထားရှိသည့် တောင်တက်မြေသားလမ်း လေးမိုင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရာသီမရွေးသွားလာနိုင်သည့် အမာခံလမ်းအဖြစ် ဆက်လက်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
May 30, 2024
စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
May 30, 2024
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် မေ ၂၈ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ၊ လမ်းများပေါ်တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မှတ်ပုံတင်မပါရှိသူများ၊ ဆိုင်ကယ်လိုင်စင်မပါရှိသူများနှင့် ဆိုင်ကယ်ဦးထုပ်မပါရှိသူ လူငယ်များကို အကြောင်းပြချက်မျိုးစုံဖြင့် စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲဖမ်းဆီးနေပြီး လူငယ် ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း အများပြည်သူထင်ယောင်ထင်မှား ဖြစ်စေမည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
May 30, 2024
သီးနှံအာမခံနှင့်ပတ်သက်၍ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ စန္ဒာဦးကို သတင်းအဖွဲ့က တွေ့ဆုံမေးမြန်းထားပါသည် -
May 30, 2024
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း/ အသစ်လျှောက်ထားခြင်း၊ C of I လျှောက်ထားခြင်း ကိစ္စများနှင့်ပတ်သက်၍ Facebook နှင့် Tik Tok များ အသုံးပြုကာ လိမ်လည်သူများ ရှိနေကြောင်းကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားပြီး လိမ်လည်သူများကို အရေးယူမည်ဖြစ်ကြောင်းလည်းသံရုံးက ဆိုထားသည်။
May 30, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအတွင်း တူးဖော်ဆောင်ရွက်လျက်ရှိသည့် ရေကန်များသို့သွားသည့် လမ်းများ၊ အထင်ကရနေရာများသို့ သွားသည့်လမ်းများနှင့် ရှေးဟောင်းဇုန်အတွင်းပါဝင်သည့် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ လမ်းများသပ်ရပ်ကောင်းမွန်စေရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။