Skip to main content

Sep 07, 2023

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်တွေတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစ၍ အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ရာ ယနေ့ (စက်တင်ဘာ ၆ ရက်)အထိ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဆိုင်ရာ အဆင့်အတန်းကို စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု စသည့် အနုသုခုမပညာရပ်များက ပြဆိုသည်။ ၁၉၆၉ ခုနှစ်တွင်တွေ့ရှိခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့အနီး ပြဒါးလင်းဂူအတွင်းမှ နွားရုပ်ပုံနှင့်ငါးရုပ် အပါအဝင် နှစ်ပေါင်းတစ်သောင်းကျော် သက်တမ်းရှိ ရှေးဟောင်းနံရံပန်းချီများက မြန်မာ့ပန်းချီသမိုင်းအစကို ဖော်ပြသကဲ့သို့ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော် ပျူခေတ်ကာလတွင်လည်း မြန်မာ့ရိုးရာ ဆယ်မျိုးသော ပန်းအတတ်ပညာရပ်များ စတင်ထွန်းကားနေပြီဖြစ်ကြောင်း ပျူမြို့ဟောင်းများမှ တူးဖော်တွေ့ရှိရသည့် ရှေးဟောင်းအမွေအနှစ် ပစ္စည်းများက ပြသလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် စီမံကိန်းလုပ်ငန်းများရေးဆွဲရာတွင် အထောက်အကူဖြစ်စေမည့် အချက်အလက်များ ဆွေးနွေးဖော်ထုတ်နိုင်ရေးအတွက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲများကို ကဏ္ဍအလိုက် ခေါင်းစဉ်များသတ်မှတ် ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ “ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် (၂၅) ကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ သင်ကြားရေးဆိုင်ရာ လုပ်ငန်းများအပေါ်အဓိကထား၍ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ အဖွဲ့၏ကွပ်ကဲမှုအောက်ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သည် မြန်မာနိုင်ငံတွင်တစ်ခုတည်းသော ဝန်ထမ်းတက္ကသိုလ်ဖြစ်ပြီး မြန်မာနိုင်ငံ၌ရှိသည့် ဝန်ထမ်းအဖွဲ့အစည်းအားလုံးရှိ နိုင်ငံ့ဝန်ထမ်းအားလုံးကဏ္ဍအလိုက်၊ အဆင့်အလိုက်လုပ်ငန်းများကို မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး နိုင်ငံ့အကျိုးကိုရှေးရှု၍ ပြည်သူလူထုကို အလုပ်အကျွေးပြုကြရန် လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်ပါကြောင်း၊ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

သမိုင်းဝင်ပုဂ္ဂိုလ်နှင့် အထိမ်းအမှတ်မော်ကွန်းဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အမှတ် (၁၈) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားသော ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူ အများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိခဲ့ပြီး ယနေ့စက်တင်ဘာ ၆ ရက်တွင် ဘုရားဖူးပြည်သူများ အခမဲ့ဖူးမြော်နိုင်ပြီး ကင်မရာပါရှိသည့် လက်ကိုင်ဖုန်းများကို ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေကျပ် ၁၀၀၀ ဖြင့် ဝင်ခွင့်ပြုခဲ့ရာ လာရောက်ဖူးမြော်ကြည်ညိုကြသူများ စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

နိုင်ငံတော်ဩဝါဒါစရိယ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသသည် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရလိုက်ပါ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျန်းမာရေးအရ ဆေးကုသမှုခံယူခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးမြို့သို့ ပြန်လည်ကြွရောက်လာရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးဦးကြိုဆိုဖူးမြော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဩဂုတ် ၈ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိရာ ယနေ့စက်တင်ဘာ ၆ ရက်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများဖြင့် ဘုရားကြီးပရိဝုဏ်အတွင်း စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအကြား နှစ်နိုင်ငံကူးလူးဆက်ဆံရေး Connectivity တွင် မရှိမဖြစ်လိုအပ်သည့် လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ရုရှားနိုင်ငံသို့တိုက်ရိုက်ပျံသန်းသည့် ရန်ကုန် - မန္တလေး - နိုဗိုဆီဘရစ် - မန္တလေး- ရန်ကုန်ခရီးစဉ်သစ်ကို စက်တင်ဘာ ၅ ရက်တွင် စတင်ပျံသန်းပြေးဆွဲခဲ့ပြီး စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

သမဝါယမစနစ်ပီပြင်စွာဖြင့် ပြည်သူများကိုဝန်ဆောင်မှုပေးနိုင်ပြီး သမဝါယမစနစ်၏ ကောင်းကျိုးများကို ဖော်ဆောင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသော သမဝါယမဦးစီးဌာန အရာထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လုပ်ငန်းလမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲကို ပြည်ထောင်စုနယ်မြေ လယ်ဝေးခရိုင်ဥပဒေရုံး၌ စက်တင်ဘာ ၄ ရက်က ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ကျင်းပမည့် (၁၇) ကြိမ်မြောက် ဟိုချီမင်း နိုင်ငံတကာခရီးသွား ပြပွဲသို့တက်ရောက်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

လူသတ္တဝါတို့ အသက်ရှင်သန်နိုင်ရေးအတွက် သန့်ရှင်းသောလေကို ရှူရှိုက်နေကြရသည်။ သန့်ရှင်းသောလေသည် သက်ရှိများအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သောအရာဖြစ်သည်။ အကယ်၍ လေကိုမရှူရပါက ချက်ချင်းသေဆုံးသွားပြီး မသန့်ရှင်းသောလေကို ရှူရှိုက်ရပါကလည်း ဆိုးရွားသောရောဂါဝေဒနာများကိုခံစားရကာ အသက်သေဆုံးသည်အထိဖြစ်ကြရသည်။ ထို့ကြောင့် သန့်ရှင်းသောလေသည် အသက်တမျှအရေးပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 07, 2023

ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းသည် သန့်ရှင်းသောလေကို မရရှိကြ။ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေခုနစ်သန်းခန့် အရွယ်မတိုင်မီသေဆုံးနေကြရပြီး ယင်းအနက်မှ ထက်ဝက်ကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်