Jun 08, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Jun 08, 2024
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်း လက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်လာသည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မူလက ဝါဒစွဲ၊ ဂိုဏ်းဂဃစွဲ၊ လူမျိုးစွဲတို့ဖြင့် တိုင်းပြည်ပြိုကွဲပျက်စီးရေး အကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်လာခဲ့ရာ တပ်မတော်က ထိရောက်စွာ ချေမှုန်းရှင်းလင်းခဲ့သောကြောင့် သောင်းကျန်းသူအဖျက်သမားများ ပြိုကွဲပျက်စီးခြင်းအဖြစ်သို့လည်းကောင်း၊ အဖွဲ့အကြွင်းအကျန်များ နယ်စွန်နယ်ဖျားဒေသများသို့ ထွက်ပြေးခိုအောင်းခြင်းအဖြစ်သို့လည်းကောင်း ရောက်ခဲ့ကြသည်။
Jun 08, 2024
သက်တမ်းနှစ်ပေါင်း ၄ ဒသမ ၅၄ ဘီလီယံခန့် ရှိပြီဖြစ်သည့် ကမ္ဘာမြေကြီး၏ သဘာဝသမိုင်းတွင် သက်ရှိဇီဝများသည် ပထမဘီလီယံနှစ်များအတွင်း သမုဒ္ဒရာများထဲ၌ စတင်ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက တွက်ချက်ခန့်မှန်းထားကြသည်။ မျက်မှောက်ကာလတွင် ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်း ကို သမုဒ္ဒရာများက ဖုံးလွှမ်းထားပြီး ကျန် ၂၉ ရာခိုင်နှုန်းသာလျှင် ကုန်းမြေဖြစ်သည်၊၊ ပင်လယ်သမုဒ္ဒရာများသည် ကမ္ဘာပေါ်ရှိ အသက်ဇီဝတို့၏ စတင်ရာဖြစ်သလို လူသားတို့အပါအဝင် သက်ရှိသတ္တဝါများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော သဘာဝပတ်ဝန်းကျင်ကို ဖန်တီးပေးနေခြင်းလည်း ဖြစ်သည်။
Jun 07, 2024
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
Jun 07, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Midmay Group Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ N.P.K Motors Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 (MULAN) အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar New Energy Motor (MNEM) Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် HYCAN Z03 နှင့် HYCAN A06PLUS အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များနှင့် Grand Sirius Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA NEOMOR D05 လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ဇွန် ၆ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
Jun 07, 2024
ပြည်တွင်းမွေးမြူရေးငါးများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးသိုင်းခေါင်းပွ စသည့်ရေချိုငါးများကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဓိကအများဆုံး ဝယ်ယူလျက်ရှိရာ ယခင်က စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ စစ်ဆေးမှုများပြုလုပ်ပြီး တင်ပို့ခဲ့သော်လည်း ယခုအခါ ပို့ကုန်လမ်းကြောင်းသစ်အဖြစ် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့မည့် ရေချိုငါးများအား အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးအတွက် စံပြငါးဈေး (အောင်မင်္ဂလာဆိပ်ကမ်း) ကို ယာယီဆိပ်ကမ်းအဖြစ် သတ်မှတ်ပြီး အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ပါဝင်သည့် One Stop Services(OSS) အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် ခဲ့သည်။
Jun 07, 2024
ဇွန် ၁ ရက်မှ ၉ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပလျက်ရှိသည့် (၁၃) ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အားကစားအဖွဲ့ ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးလေးခုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အသုံးပြုရန် အထိမ်းအမှတ်တံဆိပ် Logo ရေးဆွဲပြိုင်ပွဲ ကျင်းပမည်
Jun 07, 2024
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကိုယ်စားပြု သတ်မှတ်အသုံးပြုမည့် အထိမ်းအမှတ်တံဆိပ် (Logo) ပြိုင်ပွဲကို ဇွန် ၁၃ ရက်မှ ဇူလိုင် ၁၂ ရက်အတွင်း ကျင်းပမည်ဖြစ်သည်။