Skip to main content

Oct 02, 2023

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ကျင်းပရာ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်များမှ တရားဝင်ဗီဇာ (Business Visa) ဖြင့် သွားလာခွင့်ပြုရာတွင် အောက်တိုဘာ ၁ ရက်က မူဆယ် - ရွှေလီ နယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်ဖြစ်သော နန်းတော်ဂိတ်၌ စတင် ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

မန္တလေးမြို့နှင့်ပြင်ဦးလွင် မြို့နယ်အကြား ရဲရွာရေလှောင်တမံသွား ကားလမ်းဘေးတွင် ဖွင့်လှစ်ထားရှိသော ဝါးနက်အပန်းဖြေဆင်စခန်းတွင် လာရောက်အပန်းဖြေကြသည့် ပြည်သူများ ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာနိုင်ရန် ဆင်ပြတိုက်ကို ဖွင့်လှစ်ထားရှိကြောင်း ဝါးနက်ဆင်စခန်းတာဝန်ခံ ဒေါ်သဒ္ဒါရှင်းသန့်က ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေးအတွက် သမဝါယမအသင်းသားတောင်သူများအား ဖြူစင်သူ ကုမ္ပဏီမှ တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် ညီမျှသော ပုလဲ ၅၀ ကီလိုဂရမ်နှင့် ကွန်ပေါင်း ၅၀ ကီလိုဂရမ်သွင်းအားစုဓာတ်မြေဩဇာများကို ဖြန့်ဖြူးပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇေယျာသီရိမြို့နယ် ရေဆင်းရေလှောင်တမံ၊ ဥတ္တရသီရိမြို့နယ် ငလိုက်ရေလှောင်တမံ၊ ဖောင်းလောင်ရေလှောင်တမံနှင့် လယ်ဝေးမြို့နယ် ဆင်အုံကန်တို့၏ရေ သိုလှောင်ထားရှိမှုနှင့် ရေသောက်စနစ်များအတွင်း ရေပေးဝေနေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို သတ်မှတ်နေရာများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့ တာဝန်ရှိသူများသည် ယနေ့နံနက်ဒေသစံတော်ချိန် ၉ နာရီတွင် ဟန်ကျိုးမြို့ရှိ Fuyang Yinhu Sports Center ကွင်း၌ ကျင်းပသည့် မြားပစ်အားကစားနည်း ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

ရခိုင်ပြည်နယ် ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပတိ၊ ပြည်တွင်း ပြည်ပသာသနာပြု ဓမ္မကထိက၊ ရတနာမာရ်အောင် တောရဓမ္မရိပ်သာများ၏ ဦးစီးပဓာန နာယကချုပ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒအမှူးပြု၍ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ရခိုင်ပြည်နယ်စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်အနီး တည်ဆောက်လျက်ရှိသော ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦး ဓမ္မစင်တာဝင်းအတွင်း၌ စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ သံဃာတော်များအား နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ပင့်သံဃာတော် အပါး ၂၇၀ ကြွရောက်တော်မူကြပြီး အလှူရှင် ဒေသခံပြည်သူများက ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

၂၀၂၃ ခုနှစ် ယနေ့တွင် ကျရောက်သည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့ရှိ သက်ဆိုင်ရာခန်းမ အသီးသီး၌ပြုလုပ်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့် အတူယနေ့ မွန်းလွဲပိုင်းက ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး (ပြင်ဦးလွင်) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

အထူးကုသမှုလိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများရရှိနိုင်စေရန် ရန်ကုန်နှင့်မန္တလေးမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃၀ နှင့် အောက်တိုဘာ ၁ ရက်တို့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတို့မှ နှလုံးရောဂါဆေးပညာ၊ အထွေထွေရောဂါဆေးပညာ၊ ဦးနှောက်နှင့်အာရုံ ကြောဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့်ဟော်မုန်းဆေးပညာ၊ ရင်ခေါင်းဆေးပညာ၊ သွေးရောဂါပညာ၊ အသည်းရောဂါဆေးပညာ၊ အရိုးအကြောအဆစ်ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့သို့ သွားရောက်၍ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများနှင့် နေပြည်တော်ကောင်စီနယ်မြေ သန်းခေါင်စာရင်းကော်မတီဝင်များပူးပေါင်း၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) ကို စက်တင်ဘာ ၂၆ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ရုရှားနိုင်ငံအရှေ့ဖျားဒေသ Primorsky Krai၊ Vladivostok မြို့ရှိ အရှေ့ပိုင်းစစ်ခရိုင် Sergeevsky လေ့ကျင့်ရေးနယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

နိုင်ငံတော်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ပြည်သူလူထုအနေဖြင့် အေးချမ်းဖူလုံစွာဖြင့် နေထိုင်လုပ်ကိုင်လိုကြသည့်ဆန္ဒ အားလုံးတွင်ရှိကြရာ ဒေသတည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာရေးကို လိုလားနေကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2023

မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက် ကျရောက်ခဲ့ပြီးချိန်တွင် နယ်ချဲ့တို့က ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်ကို အထောက်အကူပြုနိုင်ရန်အတွက် အက်ဥပဒေများပြဋ္ဌာန်းကာ ပုလိပ် (police) အဖွဲ့များ ဖွဲ့စည်းခဲ့ရာမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သမိုင်းစတင်ခဲ့သည်။ ပုလိပ်အဖွဲ့မှသည် ခေတ်အဆက်ဆက်တွင် အဆင့်ဆင့်ပြောင်းလဲလာခဲ့သော ရဲတပ်ဖွဲ့ကို တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့ (People's Police Force) အမည်ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကာ ထိုရက်ကိုပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အဖြစ် ၁၉၉၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် သတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်