Skip to main content

Oct 01, 2023

(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2023

(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ည ၇ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2023

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်းသို့တက်ရောက်ရန် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ရာ စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် Vladivostok မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ပစိဖိတ်ရေတပ်ဖွဲ့ ဒုတိယအကြီးအကဲ Vice Admiral Denis Berezovsky၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် တာဝန်ရှိသူများမှ လေဆိပ်တွင်ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၃၀-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၄၂၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2023

အကြိမ်(၃၀)မြောက် တပ်မတော်ဆေး ပညာနှီးနှောဖလှယ်ပွဲကြီးကို ပြည်တွင်း၊ ပြည်ပမှဆေးပညာရှင်များ၊ ပါရဂူများဖြင့် ပြင်ဦးလွင်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင် - ၇၀၀) တွင် အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါကွန်ဖရင့်အကြို အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ်လေ့ကျင့်ရေးခန်းမဆောင်၌ စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် ပြည်တွင်း၊ ပြည်ပမှ အရိုးရောဂါဆိုင်ရာ ပါမောက္ခများ၊ စစ်ဘက်နှင့်အရပ်ဘက် အရိုးအထူးကုဆရာဝန်များ၊ အိန္ဒိယနိုင်ငံမှ ထင်ရှားကျော်ကြားသော လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်တို့မှ ပါမောက္ခများနှင့် ဘွဲ့လွန်ကျောင်းသားများ တက်ရောက်ခဲ့ကြပြီး သက်မဲ့ခန္ဓာကိုအသုံးပြု၍ လက်တွေ့လေ့ကျင့်သင်ကြား ဆွေးနွေးခွင့်ရရှိခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲမှ ဝမ်းမြောက်ဂုဏ်ယူဖွယ်စကားသံတို့ကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2023

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ပေါ်ပေါက်လာခြင်းသည် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၂၅ (၁) အရ အသက် အရွယ်အိုမင်းပြီး မိမိမတတ်စွမ်းနိုင်သော အခြေအနေများကြောင့် အသက်မွေးဝမ်းကျောင်းမပြုနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင် ဘဝလုံခြုံမှု ရပိုင်ခွင့်ရှိရမည်ဖြစ်ပါ၍ အသက် ၆၀ နှစ်အထက်ကို သက်ကြီးရွယ်အိုဟု ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က သတ်မှတ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၄၅/၁၀၆ ဖြင့် အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ (International Day of Older Persons) ဟု အတည်ပြု သတ်မှတ်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနှစ် (International Year of Older Persons - IYOP)” ဟု ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် (၄၇/၅) ဖြင့် သတ်မှတ်ခဲ့ပြီး ကုလသမဂ္ဂက နှစ်စဉ်သက်ကြီးရွယ်အိုများအတွက် ဦးတည်ချက်ဆောင်ပုဒ်များ သတ်မှတ်ပေးလေ့ရှိရာ ယခုနှစ်ဆောင်ပုဒ်မှာ “Fulfilling the Promises of the Universal Declaration of Human Rights for Older Persons: Across Generations” (သက်ကြီးသူများ ဘဝသာယာဖို့ သက်ရွယ်စုံညီပါဝင်လို့ ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့) ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2023

လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာငွေ ငါးဆယ်ကျပ်တန်နှင့် တစ်ရာ ကျပ်တန်ငွေစက္ကူများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လာရောက်အပ်နှံကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ဖြင့် အမိန့်စာတစ်စောင်ထုတ်ပြန်ထားကြောင်း ပျံ့နှံ့လျက်ရှိရာ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာငွေ ငါးဆယ်ကျပ်တန်နှင့် တစ်ရာကျပ် တန်ငွေစက္ကူများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလိုပြန်လည်ပြောကြားပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2023

(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2023

မြဝတီကုန်သွယ်ရေးဇုန်၌ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၉ မှ ၂၂ ရက်အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းဖြစ်သည့် ငါးကြင်းဆီဖောင်း၊ ခုံး၊ ပုစွန်၊ ငါးမြွေထိုး၊ ငါးခွေးလျှာ၊ ငါးပါးလျှပ်၊ ငါးကြင်း(အေးခဲ)၊ ကဏန်းနှင့် CMP ပစ္စည်းများဖြစ်ပြီး ဂေါ်ဖီ၊ ပြောင်း၊ မတ်ပဲ၊ မြေပဲ၊ ချင်း(ခြောက်)နှင့် ကော်ဖီစေ့တို့ကိုလည်း တင်ပို့ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏အနောက်ဘက် ၇ မိုင်ခန့်အကွာရှိ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2023

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်းမြို့၌ ယနေ့မှအောက်တိုဘာ ၁၀ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံတပ်မတော်များ၏ ဘော်လီဘောပြိုင်ပွဲ ၂၀၂၃ သို့ သွားရောက်ယှဉ်ပြိုင်မည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးကြီး ဇော်မင်းစိုး ဦးဆောင်သည့် မြန်မာ့တပ်မတော်ဘော်လီဘောအသင်းမှအဖွဲ့ဝင် ၂၀ တို့သည် ရန်ကုန်မြို့မှ ယနေ့ညနေပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်းမြို့သို့ ထွက်ခွာသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်တိုင်းရင်းသားခေါင်းဆောင်စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2023

မြန်မာနိုင်ငံတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသည့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ၎င်းရည်မှန်းချက်နှစ်ရပ်သည် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရမည့် နိုင်ငံတော်၏မျှော်မှန်းချက်ဖြစ်သည်။ နိုင်ငံတော်အစိုးရက ပြည်သူပြည်သားအားလုံး မပူမပင်မကြောင့်မကြဖြင့် အေးချမ်းစွာနေထိုင်လုပ်ကိုင် စားသောက်နိုင်ရမည်ဟုခံယူပြီး လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2023

လက်နက်ကိုင်ပဋိပက္ခများရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကသာ နိုင်ငံမပြိုကွဲ၊ မပျက်စီးရေး၊ ငြိမ်းချမ်းရေးတို့အတွက် နည်းလမ်းအမှန်ဖြစ်သည်။ ပဋိပက္ခကျရောက်ရာ ဒေသနှင့်ဒေသတွင်းနေ ပြည်သူလူထုအပေါ် ဘေးဒုက္ခကျရောက်မှုနှင့် ထိခိုက်ခံစားရမှုတို့ အသက်သာဆုံး၊ အနည်းပါးဆုံးလည်းဖြစ်သည်။ မြန်မာတိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက လိုလားကြသည့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြရာ ယခုအခါ ရှစ်နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၉-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၂၃၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၅) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်းဖြင့် လစဉ်ခံစားခွင့်ပြုသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

ယနေ့ လူမှုကွန်ယက် စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ၅၀ ကျပ် (ငါးဆယ်ကျပ်) နှင့် ၁၀၀ ကျပ် (တစ်ရာကျပ်) တန် ငွေစက္ကူများကို ရုပ်သိမ်းကြောင်း တရားဝင်ငွေအဖြစ်မှ ရပ်ဆဲကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သော သတင်းမှားများသာ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

၂၀၂၃ ခုနှစ် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ရုံ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

Malaysia Anti-Corruption Academy (MACA) မှ ဖွင့်လှစ်ပို့ချခဲ့သည့် Investigation and Prosecution in Intelligence Based Investigation (IPIBI) Cases သင်တန်းသို့ အွန်လိုင်းစနစ် ဖြင့် တက်ရောက်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်းတစ်ဦးက သင်တန်းအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်