Jul 16, 2024
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် စွန်ရဲအင်းဒေသ နို့စားနွားမွေးမြူရေးလုပ်ငန်းနယ်မြေ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါနယ်မြေ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များတက်ရောက်၍ တမာ၊ မန်ကျည်း၊ မဲဇလီ စသည့်လေကာပင် ၅၀၇ ပင် စိုက်ပျိုးကြသည်။
Jul 16, 2024
ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Yangon Regional Tourism Development Forum) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 16, 2024
အမျိုးသားပြတိုက်(နေပြည်တော်)ဖွင့်လှစ်ခြင်း ၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့ရက်ကန်းလက်မှု အနုပညာအထူးပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် အဆိုပါပြတိုက်၌ ကျင်းပသည်။
Jul 16, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း၌ ကျင်းပသည်။
Jul 16, 2024
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့်အဖွဲ့ကို ယနေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 16, 2024
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 16, 2024
မျက်မှောက်ကာလတွင် အကြမ်းဖက်သောင်းကျန်းသူများက မြို့ရွာများကို တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ကြရသည်ကို တွေ့မြင်ကြားသိကြရမည်ဖြစ်သည်။ တိုက်ခိုက်ဖျက်ဆီးမှုများ မကြာခဏပြုလုပ်နေသောကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ အခက်အခဲဒုက္ခများရောက်ကြရသည်။ အဆိုပါလုပ်ရပ်များကို လက်မခံနိုင်ကြသောကြောင့် ဒေသခံပြည်သူများနှင့် အဖွဲ့အစည်းများက ကန့််ကွက်ရှုတ်ချမှုများ ပြုလုပ်ကြသည်ကို တွေ့ရသည်။
Jul 16, 2024
လူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအဝေးကို ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်မှ ဇူလိုင်လ ၁၂ ရက်အထိ ကျင်းပခဲ့ရာတွင် မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများဟု ခေါင်းစဉ်တပ်ထားသည့် အဓိပ္ပာယ်မဲ့စကားဝိုင်းများလည်း ပါဝင်ခဲ့သည်။ အဓိပ္ပာယ်မဲ့သည်ဟုဆိုရာတွင် ဆွေးနွေးပွဲခေါင်းစဉ်တပ်ထားသည့် သက်ဆိုင်ရာနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမပါဝင်ခြင်း၊ လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများနှင့်မကိုက်ညီခြင်း၊ မမှန်မကန်၊ မလိုတမာအစီရင်ခံချက်များက မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်း ဖယ်ကြဉ်စေရန် ဦးတည်ထားခြင်းနှင့် ဆွေးနွေးပွဲများကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပိုမိုရှုပ်ထွေးစေခြင်းတို့ကြောင့်ပင်ဖြစ်သည်။
Jul 15, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ ပန်းလှိုင်မြစ်ကမ်းပါးရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းနေရာသို့ရောက်ရှိရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ယမန်နှစ်ကစပြီး ၃ နှစ် စီမံချက်ချမှတ်၍ အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေများ၊ ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ရေဘေးကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
Jul 15, 2024
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း