Skip to main content

Jul 18, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန် (န) ဝါ ဟူစိန်ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်း လာသော ကိုရီးယားနိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Win Motor Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် FAW Volkswagen နှင့် FAW AUDI Q4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Asia Pacific Auto-maker Corporation Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng Nissan Ariya အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Premier Automotive Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် ZEEKR X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX Alpha T5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar Construction & Development Infrastructure Co., Ltd. မှ တင်သွင်းလာသော Volkswagen ID-4၊ Volkswagen ID-6 နှင့် Volkswagen ID-7 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

နိုင်ငံတော်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားများအား မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုး၊ မည်သူမဆို နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ ရရှိခံစားခွင့်များကို ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံသားများ ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ဒုက္ခအခက်အခဲများ ကြုံတွေ့ရပါကလည်း ရင်ဝယ်သားကဲ့သို့ စာနာထောက်ထားဖေးမကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

ဝါဆိုလသည် နွေရာသီကုန်ဆုံး၍ မိုးသို့ကူးပြောင်းသောလဖြစ်သည်။ ဝါဆိုဟူသောဝေါဟာရ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ‘ဝါ’ ဟူသည် ‘နေခြင်း’ ဟု အနက်ရသော ပါဠိစကားလုံး ‘ဝါသ’ မှ ဆင်းသက်လာခြင်းဖြစ်ပြီး ‘ဆို’ ဟူသည် ‘ရွတ်ဆိုခြင်း’ ဟု အနက်ရခြင်းကြောင့် ဝါဆို၏အဓိပ္ပာယ်မှာ ‘နေထိုင်ခြင်း၊ ရွတ်ဆိုခြင်း’ ဖြစ်သည်ဟု ဖွင့်ဆိုသည်။ ဝိနည်းတော်အရ ရဟန်းတော်များသည် ဝါတွင်းသုံးလပတ်လုံး တစ်ပါးအရပ်သို့မသွားဘဲ တစ်ကျောင်း၊ တစ်နေရာ၌သာ သီတင်းသုံးပါမည်ဟု ရွတ်ဆိုအဓိဋ္ဌာန်ပြု ဝါကပ်ကြသည့်လဖြစ်ခြင်းကြောင့် ဤလကို ဝါဆိုလဟု ခေါ်ဆိုခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

PDF အမည်ခံ အကြမ်းဖက်သမားများသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အောင်သာကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းကျောင်းအုပ်ဆရာမကြီးအပါအဝင် အပြစ်မဲ့ပြည် သူ ၃ ဦး သေဆုံးပြီး ဆရာမ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့တွင် စစ်မှုထမ်းဆောင်ရန် အမည်စာရင်းတွင်ပါဝင်ပြီး လာရောက်သတင်းပို့ခြင်းမရှိသည့် လူငယ် ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၁၄ ရက်နေ့တွင် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာနှင့် စမ်းဘုတ်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆားချောင်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း၊ အဆိုပါမီးရှို့မှုကြောင့် နေအိမ် ၃၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ယနေ့ မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန်လူစီးအမြန်ရထားသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၃/၁၇-၁၅ သို့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန် ရထားရောက်ရှိဖြတ်သန်းစဉ် အဆိုပါနေရာ၌ ရထားလမ်းမိုင်းပေါက်ကွဲထားခြင်းကြောင့် သံလမ်း (၁) ပေခွဲခန့် ပြတ်တောက်နေသဖြင့် စက်ခေါင်းနှင့်အတူ ရထားတွဲဆိုင်းတွင်ပါရှိသော လူစီးတွဲ (၂) တွဲ လမ်းချော်ကျမှုဖြစ်ပွားသည်။ ရထားလမ်းချော်ကျမှုကြောင့် ခရီးသည်နှင့် ဝန်ထမ်းထိခိုက်မှုမရှိဘဲ သိမ်ဆိပ်-ဒုံဝန်းလမ်းပိုင်းအား နံနက် ၁၁ နာရီ ၁၃ မိနစ်တွင် ယာယီပိတ်ထားခဲ့ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်မှုကိုလိုလားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့သည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရနရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူသွားလာနေထိုင်အသုံးပြုလျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း Drop Bomb များ ကြဲချတိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်