Skip to main content

Apr 22, 2024

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Nikolay Patrushev ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဧပြီ ၂၃ ရက် မှ ၂၆ ရက်အထိ ကျင်းပမည့် (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

မြန်မာနိုင်ငံသည် စိမ်းလန်းစိုပြည်သော သဘာဝတောတောင်များ၊ မြစ်ချောင်းအင်းအိုင်ပင်လယ်များ စုံလင်စွာပိုင်ဆိုင်ထားသည်။ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများ၊ သဘာဝရှုခင်းအလှအပများ၊ ရှားပါးသစ်ပင်ပန်းမန်များ၊ ရေတံခွန်များ၊ ရေခဲတောင်များ၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ၊ ဆောင်းခိုငှက်များ၊ သဘာဝဂေဟစနစ်များ၊ အံ့ဖွယ်ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦများစသည်တို့ စုံလင်စွာတည်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2024

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ မကြာမီကာလအတွင်း နေပြည်တော်ရှိ လူရည်ချွန်စုရပ်စခန်းတွင် တွေ့ဆုံကြကာ ယင်းမှတစ်ဆင့် သက်ဆိုင်ရာအတန်းအလိုက် သတ်မှတ်ထားသည့် လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်ကြရတော့မည်ဖြစ်သည်။ သင်္ကြန်အပြီး မြန်မာ့နှစ်သစ်ဦး နွေရာသီကာလသည် အားမာန်အပြည့်နှင့် ရွှင်လန်းတက်ကြွနေသည့် လူငယ်တို့၏ လှုပ်ရှားမှုများနှင့်အတူ နုပျိုလန်းဆန်း နေဦးမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော် လွှဲကြီးပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများက လွှဲကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်း ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ရှိ အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်) သို့ ရောက်ရှိရာ စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များ၊ စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှု၊ လုပ်ငန်းလည်ပတ်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံ တို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2024

နိုင်ငံတော်အနေဖြင့် နိုင်ငံ့ စီးပွား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်သော ယခင်ဗိုလ်​အောင်​​ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀၀ တင်ပို့ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2024

ဆီထွက်သီးနှံအထူးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆီထွက်သီးနှံအထူးဇုန် တာဝန်ခံများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2024

မြန်မာနိုင်ငံရှိ နယ်စပ်ဒေသအချို့နှင့် ဝေးလံခေါင်ဖျားဒေသများရှိ အချို့မြို့ရွာများအား တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကိုမလိုလားသော အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူများက တိုက်ခိုက်ဖျက်ဆီးသည့်လုပ်ရပ်များကို မကြာခဏ မြင်တွေ့ကြရမည်ဖြစ်သည်။ ထို့အပြင် မြို့ပြဒေသအချို့၌လည်း သောင်းကျန်းသူအဖျက်သမားများက အလစ်အငိုက်ချောင်းမြောင်း တိုက်ခိုက်နေမှုများကိုလည်း ကြားသိကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို လိုလားသော ဘင်္ဂါလီလူမျိုး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၀၀၀ ခန့်သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဘုမေဈေး လမ်းဆုံနေရာသို့ စုဝေးရောက်ရှိလာပြီး ၎င်းနေရာမှ မီးစက်အဝိုင်းပတ်နှင့် မေယုလမ်းမကြီးအတိုင်း ဝေသာလီကွင်းအနီးသို့ ငြိမ်းချမ်းစွာလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2024

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားပူးပေါင်းအဖွဲ့တို့သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2024

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဧပြီ ၁၉ ရက်တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်​သော အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ​ပြောင်းဖူး​စေ့တန်ချိန် ၆၆၀၀ တင်ပို့ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2024

ဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2024

ယခုနှစ် ခရီးသွားရာသီအတွင်း သင်္ကြန်ကာလတွင် ခရီးသွားလာမှုအများဆုံးဖြစ်ခဲ့ပြီး ယခင်ရာသီထက် ပိုမိုများပြားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2024

နွေရာသီကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ နေ့အပူချိန်များ တစ်နေ့တခြားမြင့်တက်လာရာမှ အပူပြန်တက်တိမ်များဖြစ်ထွန်းပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကာဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအခြေအနေများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2024

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင်ကို ဧပြီ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသူများ၊ ရဟန်းရှင်လူအများပြည်သူများက လာရောက်တရားနာယူခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်