Aug 15, 2024
ငွေရေးကြေးရေးတည်ငြိမ်မှုနှင့် ကြီးကြပ်စစ်ဆေးမှုဆိုင်ရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများဆွေးနွေးပွဲနှင့် (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကို ဩဂုတ် ၁၃ ရက် နှင့် ၁၄ ရက်တို့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Virtual ဖြင့် တက်ရောက်သည်။
Aug 15, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Aug 15, 2024
၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲတတိယနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
Aug 15, 2024
ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ည ၇ နာရီ ၁၀ မိနစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည်။
Aug 15, 2024
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိကြသည်။
Aug 15, 2024
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် မြန်မာနိုင်ငံမှ လူငယ်လူရွယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ယခင်နှစ်များနှင့်မတူ တစ်မူထူးကဲအားတက်ဖွယ် မြင်တွေ့ခဲ့ရပါသည်။ လူငယ်လူရွယ်များက တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း၊ ကောင်းရာကောင်းကျိုးတို့ကို အားကြိုးမာန်တက်ဆောင်ရွက်နေကြသည့်အတွက် ဝမ်းမြောက်ပီတိဖြစ်ရပါသည်။ လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်တည်ဆောက်ကြမည့် မျိုးဆက်သစ်များဖြစ်ပါသည်။
Aug 15, 2024
တရုတ်နှင့် မြန်မာအိမ်နီးချင်း နှစ်နိုင်ငံဆက်ဆံရေးမှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။ သမိုင်းတစ်လျှောက် အတူယှဉ်တွဲနေထိုင်လာခဲ့ကြသည့် နှစ်နိုင်ငံအကြား ခေတ်သစ်ကမ္ဘာတွင်လည်း သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ကြရာလာမည့် ၂၀၂၅ ခုနှစ်တွင် ၇၅ နှစ်ပြည့်မြောက်၍ စိန်ရတုကာလသို့ ရောက်ရှိတော့မည်ဖြစ်သည်။
Aug 14, 2024
ယခုရက်ပိုင်းအတွင်း ပုံမှန်ကာလများထက် ပိုမိုဝယ်ယူမှုကြောင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ယာဉ်တန်းစီဝယ်ယူမှုများပြားပြီး ဆီသယ်ယာဉ်မရောက်မီကာလအတွင်း စက်သုံးဆီအမယ်အချို့ အချိန်ပိုင်းပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိသဖြင့် ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်သည့်ဆိုင်များအား အရေးပေါ်ထပ်မံတိုးမြှင့်ဖြည့်တင်း ဖြန့်ဖြူးပေးလျက်ရှိပါသည်။
Aug 14, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Aug 14, 2024
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။