သာပေါင်း ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၌ ငဝန်မြစ်ရေကြီးမြင့်၍ ကျောင်းဝင်းများအတွင်း ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း ၂၅ ကျောင်းကို ဇူလိုင် ၂၂ ရက်က စတင်ယာယီပိတ်ထားခဲ့ရသည်။
ငဝန်မြစ်ရေမြင့်တက်၍ ရေဝင်ရောက်မှုကြောင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကွင်းပေါက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခေနန်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရေလဲကြီး၊ အခြေခံပညာအလယ်တန်းကျောင်း(ညောင်ကွင်းအလယ်စု)၊ အခြေခံပညာအလယ်တန်းကျောင်း(ကြာကန်)၊ အခြေခံပညာအလယ်တန်းကျောင်း (သရက်တော)၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ဒည်ကုန်း)၊ အခြေခံပညာမူလတန်းလွန်ကျောင်း(သင်္ကန်းပင်ဆိပ်)၊ အခြေခံပညာမူလတန်းကျောင်း(တင်းကုတ်ကြီး)၊ အခြေခံပညာမူလတန်းကျောင်း(လက်ခုပ်ရွာသစ်)၊ အခြေခံပညာမူလတန်းကျောင်း(ရွှေလှေကွင်း)၊ အခြေခံပညာမူလတန်းကျောင်း(အင်းကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(သစ်ပုတ်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ဘုရားကြီး)၊ အခြေခံပညာမူလတန်းကျောင်း(လိန်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(အငူကြီး)၊ အခြေခံပညာမူလတန်းကျောင်း(မယင်းချောင်)၊ အခြေခံပညာမူလတန်းကျောင်း(ဂွေးတောက်ကွင်း)၊ အခြေခံပညာမူလတန်းကျောင်း(ဆိပ်ကြီးပေါက်လွတ်)၊ အခြေခံပညာမူလတန်းကျောင်း(မာလကာကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ)(ကတတ်ရိုး)ကျောင်းတို့ကို ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ ပိတ်ထားပေးရာ ယနေ့ဇူလိုင် ၂၃ ရက်တွင် အခြေခံပညာမူလတန်းကျောင်း(သစ်ဆိမ့်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(သရက်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(သာယာကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (သောင်ရွာ)ကျောင်းတို့ကိုထပ်မံပိတ်ပေးရပြီး စုစုပေါင်း ၂၅ ကျောင်းကို ဇူလိုင် ၂၂/၂၃ ရက်မှ ဇူလိုင် ၂၆ ရက်အထိ (၄/၅) ရက်ယာယီပိတ်ထားပြီး ကျောင်းပိတ်ရက်များကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြန်လည်အစားထိုး သင်ကြားသွားမည်ဖြစ်ရာ ငဝန်မြစ်ရေကြီးမြင့်၍ ရေဝင်ရောက်လာမှုကြောင့် ကျောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သက်နိုင်ထံမှ သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)