Skip to main content

Aug 31, 2024

မန္တလေးတိုင်းဒေသကြီး တံတားဦးနှင့် ပြည်ကြီးတံခွန်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဩဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက် နှစ်ရက်အတွင်း လူငယ်နှစ်ဆယ်ဦးခန့်ကို စစ်မှုထမ်းရန်အတွက် တပ်မတော်မှ ဖမ်းဆီးထားကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2024

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ ချင်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များသို့ ဆန်နှင့် လျှပ်စစ်ပစ္စည်းများ သယ်ယူတင်ပို့ခွင့် ပိတ်ပင်ထားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာတွင် ဝါဒဖြန့်ဝေရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2024

မြန်မာနိုင်ငံသည် ILO နှင့် ပူးပေါင်းကာ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်မှ စတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaint Mechanism – NCM) ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီမှ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2024

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ(Belt and Road Initiative)၏ ပွင့်လင်းမြင်သာစွာ တည်ဆောက်ရေးနှီးနှောဖလှယ်ပွဲ (The Belt and Road Integrity Construction Local Seminar between Yunnan, China and Southeast Asian Countries) သို့ တက်ရောက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့မှ မန္တလေးမြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2024

Naypyitaw State Academy တွင် ကျောင်းသားလူငယ်များ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်၊ ဗဟုသုတများ တိုးပွားစေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ကျောင်းသား ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ ဒုတိယအကြိမ် အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံဘဏ်များအသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် ဘဏ်များ၏ အမှုဆောင်အရာရှိချုပ်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များအား အပြည့်အဝဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် လမ်းညွှန်မှာကြားသည့် အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ

ဆက်လက်ဖတ်ရှုရန်

Aug 31, 2024

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂၉) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရေဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ရေနှင့်ဆက်နွှယ်သည့်ဌာနနှင့် အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် တက္ကသိုလ်များမှ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ဝန်ကြီးရုံးအသင်းနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2024

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မကွေးတက္ကသိုလ်စာကြည့်တိုက်သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ၏ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ငှားရမ်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်