Skip to main content

Apr 08, 2024

မကြာသေးမီကာလများအတွင်း ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ရှုထောင့်မျိုးစုံမှ ဖိအားပေးခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့်အစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့၌ ၂ဝ၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေကို ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ “လင်းလက်ဝါ”ရွှေပန်းတိမ်ဆိုင်သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များပုံသဏ္ဍာန်အသွင်ယူဝတ်ဆင်ထားသည့် အမျိုးသားလေးဦးသည် အဖြူရောင်မော်တော် ယာဉ်တစ်စီးနှင့်အတူ ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဧည့်စာရင်းစစ်ရန်နှင့် လူများစစ်ဆေးရန်ရှိကြောင်းပြောဆို၍ အိမ်ရှင်များအား တွန်းထိုးရိုက်နှက်ပြီး နေအိမ်အပေါ်ထပ်ရှိ အခန်းများအား လိုက်လံပြသခိုင်းကာ နေအိမ်တတိယထပ်ရှိ ရွှေထည်ပစ္စည်းများထားသည့် မီးခံသေတ္တာအားဖွင့်ခိုင်း၍ အဆိုပါမီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် (၂) ပိသာခွဲခန့်၊ ကာလတန်ဖိုးငွေကျပ်သိန်း(၁)သောင်းကျော်ခန့်အား လုယက်ယူဆောင်သွားခဲ့သဖြင့် တရားခံများဖမ်းဆီးရမိနိုင်ရေး အောင်မြေသာစံမြို့နယ်၊ အမှတ်(၅)မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့တွင် ဧပြီလ ၇ ရက်နေ့က လမ်းသွားလမ်းလာပြည်သူ ၁၀ ဦးနှင့် အုတ်ဖိုမြို့နယ်၊ အရှေ့ချောင်းဂွကျေးရွာမှ နွားကျောင်းသား ၃ ဦး၊ လမ်းသွားလမ်းလာ ပြည်သူ ၂ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာက Khit Thit က အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ မြို့နယ်အသီးသီးမှ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခရေရိပ်သာ၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ကမ်းရိုးတမ်း ဒေသတိုင်းစစ်ဌာနချုပ်၊ ထားဝယ်တပ်နယ် အောင်ဆန်းခန်းမ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်မှစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌လည်းကောင်း ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၃၁-၃-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၄-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၇,၀၉၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၄) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ နေ့စဉ်ထုတ်သတင်းစာများကို အလှည့်ကျထုတ်ဝေမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၄ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင် လယ်ဝေးမြို့နယ်၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၀၅၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၁၁၀)ကို ဖမ်းဆီးရမိခဲ့ ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ ဆောက်လုပ်ပြင်ဆင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

၁။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ခန်းစာများကို ကြိုတင်လေ့လာသင်ယူနိုင်ရန်အတွက် MWD Education, Knowledge & Sports Channel နှင့် ပြန်ကြားရေးဝန်ကြီး ဌာန၏ Education Channel တို့တွင် ဧပြီလ ၈ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ Grade-7 သင်ခန်းစာများကို နံနက် ၇ နာရီမှ ၇ နာရီခွဲအချိန်နှင့် ညနေ ၆ နာရီမှ ၆ နာရီခွဲအချိန်တွင်လည်းကောင်း၊ Grade-10 သင်ခန်းစာများကို နံနက် ၈ နာရီမှ ၈ နာရီခွဲအချိန်နှင့် ည ၇ နာရီမှ ၇ နာရီခွဲအချိန်တွင်လည်းကောင်း နေ့စဉ်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင်အသိပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဧပြီ ၅ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ဝက်လှကြီးကျေးရွာရှိ စက်မှုလယ်ယာဦးစီးဌာန လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း ဧက ၄၀ ၌ စိုက်ပျိုးထားရှိသော နွေစပါးမျိုးသန့်မျိုးပွားစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိမိတို့ဒေသနှင့်ကိုက်ညီသည့် သီးနှံမျိုးများ ရွေးချယ်၍ သီးထပ်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် တာချီလိတ်ခရိုင် အားကစားခန်းမနှင့် ကြက်တောင်အားကစားခန်းမ တို့ကိုလည်းကောင်း၊ မြို့မအားကစားကွင်းနှင့် အားကစားကွင်းအတွင်းရှိ ပိုက်ကျော်ခြင်း/ ဘော်လီဘောအားကစားရုံ၊ လက်ဝှေ့ရုံရှိ GYM လေ့ကျင့်ရေးခန်းမနှင့် အလေးမအားကစားရုံတို့ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ်ရှိ ဘိလိယက်နှင့် စနူကာ အားကစားခန်းမတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် စိမ်းလန်းစိုပြည်မှုရှိစေရေးတို့အတွက် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက် မှ ၇ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းအမှတ်(၄) မှ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ အဆင့်မြှင့်တင်ပြုပြင်ထားသည့် ရွှေညောင်- အေးသာယာ - ပေါမူ - တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းထိန်းသိမ်း မှုအခြေအနေ၊ တောင်ကြီး- နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့် တာပေါင်များ ထိန်းသိမ်းမှုအခြေအနေနှင့် ဘူတာများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ၅ ရက် နံနက်ပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) သို့ ရောက်ရှိပြီး ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖွင့်လှစ်လျက်ရှိသည့် သင်ကြား၊ သင်ယူမှုနှင့် လက်တွေ့ကျွမ်းကျင်မှုမွမ်းမံသင်တန်း၏ နောက်ဆုံးနေ့တွင် သင်တန်းသားများ၏ ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

နေပြည်တော် လယ်ဝေးမြို့နယ် ချောင်းမငယ်ဆည်ရေသောက်စနစ်ရှိ သစ်ဆိမ့်ပင်ကျေးရွာတွင် ဖော်ထုတ်ပြီးစီးသည့် စနစ်ကျလယ်ယာမြေ ၃၃၈ ဒသမ ၂၆ ဧက၌ နွေနှမ်းစိုက်ပျိုးကြမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နွေနှမ်းစိုက်ပျိုးကြမည့် တောင်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ပြင်ဦးလွင်ကော်ဖီစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် ရှင်းလင်းဆောင်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ခရိုင်အဆင့်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်း များကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီတို့မှ ဥက္ကဋ္ဌများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အထက်မြန်မာပြည် အလုပ်အမှုဆောင်များ၊ အောက်မြန်မာပြည် အလုပ်အမှုဆောင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ အပတ်စဉ်စနေနေ့တိုင်း ကျင်းပလျက်ရှိသော (၃၁) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြု တီကျစ်စာမြေဆွေးပြုလုပ်ခြင်း လုပ်ငန်းများ ထွန်းကားလာစေရန် စိုက်ပျိုးရေးသုတေသီပညာရှင်များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခေါင်းစဉ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်