Apr 12, 2024
ရန်ကုန် - မော်လမြိုင် အစုန်၊ အဆန်ရထားနှစ်စင်း ပြေးဆွဲခြင်းကို ယာယီရပ်နားထားပြီး လက်မှတ်ခငွေများကို ပြန်အမ်းပေးနေကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Apr 12, 2024
ထိုင်းသို့ စေလွှတ်နေသည့် MoU လုပ်သား ၁၅၀ ကို ဧပြီ ၂၉ ရက်မှ စတင်ကာလေကြောင်းခရီးဖြင့် ကနဦးစေလွှတ်ရန် စီစဉ်ထားကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း ရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Apr 12, 2024
နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် နိုင်ငံသားတိုင်း အသိပညာဗဟုသုတများ လုံလောက်အောင်ရရှိနိုင်ရေးသည် အရေးပါသည့်အချက်ဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများ၏ ပညာရည်ပြည့်ဝမှု၊ အသိပညာဗဟုသုတပြည့်စုံမှုတွင် လိုအပ်ချက်များရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းအချက်များအတွက် နိုင်ငံတော်က အဘက်ဘက်မှ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
Apr 12, 2024
မကူးစက်နိုင်သော ရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ သန်း ၄၀ ကျော် အသေအပျောက်ရှိနေသည်၊၊ မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ကင်ဆာ၊ သွေးချို/ ဆီးချို၊ နာတာရှည်အဆုတ်ရောင် စသည့် ရောဂါများဖြစ်ကြသည်။ မကူးစက်နိုင်သော ရောဂါများဖြစ်ပွားရခြင်း၏ အကြောင်းရင်းများမှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သည်အထိ အရက်ယမကာသောက်သုံးခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့်ဖြစ်ရာ ကြိုတင်ကာကွယ်တားဆီးနိုင်သည့် အကြောင်းရင်းများပင်ဖြစ်သည်၊၊
Apr 11, 2024
အကြမ်းဖက်မှုတိုက်ဖျက်ရေးနယ်ပယ်တွင် တုံ့ပြန်မှုများ လျှင်မြန်စွာပြုလုပ်နိုင်ရန်ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းအဝေးပထမရက်အား ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 11, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Apr 11, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 11, 2024
နေပြည်တော်က ဝန်ထမ်းတွေအရေးပေါ် အထုပ်အပိုးတွေပြင်ထားခေါင်းစဉ်ဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV) အရာရှိတစ်ဦးကပြောကြောင်း အရာရှိအမည်မဖော်ပြဘဲ The Nation Voice မီဒီယာဆိုသူက သတင်းလွှင့်တင်ဖော်ပြထားမှုအပေါ် ဌာနမှအရာရှိများအားလုံးအနေဖြင့် မည်သည့်မီဒီယာနှင့်မျှ ယင်းကဲ့သို့ ပြောကြားထားခြင်းမရှိကြောင်း၊ အလားတူ ၎င်းသတင်းပါ အကြောင်းအရာအား ညွှန်ကြားရေးမှူးချုပ်ထံသို့လည်း မည်သူကမျှ ဖုန်း/ မက်ဆေ့ချ် ပြောကြား/ ပေးပို့ထားခြင်းမရှိကြောင်း စိစစ်သိရှိရသဖြင့် ၎င်းမှာ သတင်းတု/ သတင်းမှား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း စိစစ်သိရသည်။
Apr 11, 2024
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ အထူးဖိတ်ကြား ထားသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Apr 11, 2024
အလုပ်သမားဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့၏ ဝတ်စုံပြည့် ကပြဖျော်ဖြေခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Apr 11, 2024
ဥပဒေအရာရှိအဆင့်-၄ (အစမ်း ခန့်) များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 11, 2024
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဥရောပအာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 11, 2024
ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများ
Apr 11, 2024
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်
Apr 11, 2024
မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၄ ခုနှစ် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲကြပုံများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးတင်ဆက်မည်ဖြစ်ရာ ထိုသို့တင်ဆက်မှုများအနက်မှ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တော်ဝန် မဏ္ဍပ်များနှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တို့တွင် ဖျော်ဖြေတင်ဆက်မှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။
Apr 11, 2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-pop အနုပညာရှင် ၂၄ ဦး ပါဝင်သည့် ပထမအဖွဲ့သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ သီးသန့်မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ရွှေဧည့်သည်ဟိုတယ်သို့ ရောက်ရှိကြသည်။
Apr 11, 2024
မန္တလေးတိုင်းဒေသကြီး ကျောက် ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်ပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်ပန်းတောင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Apr 11, 2024
China Foundation for Peace and Development (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့မှ ဆောင်ရွက်သည့် “Silk Road People to People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ China Foundation for Peace and Development(CFPD) အဖွဲ့မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။
Apr 11, 2024
မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားများကို ယနေ့နံနက် ၁၀ နာရီတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်သည်။
Apr 11, 2024
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သော ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal - TMT)၊ မြန်မာစက်မှုဆိပ်ကမ်း- ၂ (MIP2)၊ မင်းထက်မင်း (MHM) ဆိပ်ကမ်းနှင့် အလုံအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း-၃ (AIPT3) တို့မှ သင်္ဘောငါးစင်းဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၇၄၅၀၀ ကို တင်ပို့ခဲ့သည်။