Skip to main content

Apr 08, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းဝန်းရှိ ကုန်သွယ်ရေးဦးစီးဌာန၏ Commerce Journal ပုံနှိပ်တိုက်သို့ရောက်ရှိ၍ ကုန်သွယ်မှုဆိုင်ရာ စာစောင်များ၊ အသိပညာပေးစာစောင်များနှင့် ဂျာနယ်များ ပုံနှိပ်ထုတ်ဝေနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စောင်ရေတိုးချဲ့ရိုက်နှိပ် ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစုပိုင်ခြံတွင် ဗေဒါသဘာဝမြေဩဇာထုတ်လုပ်နေမှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် နွားမွေးမြူထားရှိမှုအခြေအနေများကို ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၅၉ ဒသမ ၈၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ပါခွေ- တာမောင်- မခွာလယ်လမ်း ၂၄ မိုင်မှ မြေသားလမ်းလေးမိုင်ဖောက်လုပ်ခြင်း လုပ်ငန်းအရည်အသွေးပြည့်မီစွာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယနေ့ (ပဉ္စမနေ့) တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၂၁၆ ဌာနတို့၌ စာဖြေစာရင်းသွင်း ၃၁၄၁၅ ပါး/ဦးအနက် ၂၅၆၈၃ ပါး/ဦး ဖြေဆိုကြသဖြင့် ၈၁ ဒသမ ၇၅ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

ပုဂ္ဂလိကပညာရေးဥပဒေကို ၁၂-၅-၂ဝ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ ပုဂ္ဂလိက ကျောင်းများ အားလုံးသည် ဤဥပဒေနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများရှိ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံသို့ မှတ်ပုံတင်လျှောက်ထားကြရမည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ခူးလဆုတ် ၅ ရက်နေ့မှ ၈ ရက်နေ့အထိ (၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ရေကစားခြင်း၊ သင်္ကြန်ယိမ်းအကအလှ ဖျော်ဖြေခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်၍ မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ လည်းကောင်း၊ ဆူးလေဘုရားလမ်းအား အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိလည်းကောင်း နံနက် ၀၇၀၀ အချိန်မှ ညနေ ၁၈၀၀ အချိန်အထိ ခေတ္တလမ်းပိတ်ထားမည်ဖြစ်ရာ မော်တော်ယာဉ် မောင်းနှင်သူများအနေဖြင့် လမ်းလွှဲများမှ သွားလာမောင်းနှင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

မြန်မာ့ ၁၂ လရာသီ၏နောက်ဆုံး တပေါင်းလကုန်ဆုံးသည့် တပေါင်းလကွယ်နေ့ (ယနေ့) ပြီးဆုံးသည်နှင့် နှောင်းတန်ခူးလဆန်း ၁ ရက်နေ့သို့ စတင်ရောက်ရှိပြီဖြစ်သည်။ တပေါင်းရာသီကုန်ဆုံး၍ တန်ခူးကာလသို့ရောက်ရှိမည့် နှစ်သစ်ဦးမင်္ဂလာရှိသော အခါသမယဖြစ်ပေသည်။ မြန်မာ့ ၁၂ လရာသီတွင် တပေါင်းလသည် နောက်ဆုံးလဖြစ်သလို တန်ခူးလသည် တစ်မူထူးခြားသည့် ပထမဆုံးလဖြစ်ပေသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2024

နိုင်ငံအတွင်း ဒေသအနှံ့အပြားတို့တွင် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများနှင့် ကျောင်းမနေခဲ့ရသည့် စာမတတ်သူများ စာတတ်မြောက်လာကြစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ အခြေခံစာတတ်မြောက်ရေး နည်းပြသင်တန်းဖွင့်ပွဲများ၊ စာသင်ဝိုင်းဖွင့်ပွဲများဖြင့် တက်ကြွလှုပ်ရှား စည်ကားနေသည့်နွေမှာ အပူရှိန်များ မြင့်မားနေသည့်တိုင် စေတနာအလှတရားတို့ ဝေဝေဆာဆာဖြင့် လှပနေသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဒေါင်းသာကျေးရွာမှ ဒေသခံပြည်သူများ ကြက်သွန်သိမ်းနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ဗုံးကြဲခဲ့ခြင်းကြောင့် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ဧပြီလ ၆ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ ဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပြည့်သာဝက အပေါင်းတို့စုပေါင်း၍ ကျင်းပပြုလုပ်သော ရှင်သာမဏေ အပါး (၅၀၀၀) ရှင်ပြုခြင်းနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ဧပြီလ ၆ ရက်နှင့် ယနေ့တို့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ဗိသာနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီး ဗဟိုမဏ္ဍပ်၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ စလင်းမြို့၊ လက်ပံပင်စာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ရှင်သာမဏေလောင်းများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

​​​​​​​မြန်မာနိုင်ငံတစ်ဝန်းရှိ ဝန်းကျင်လေထုအရည်အသွေးအခြေအနေအား လေ့လာဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်များရှိ သတ်မှတ် Sampling Point နေရာများတွင် ဝန်းကျင်လေထုအရည်အသွေးကို Environmental Perimeter Air Station (EPAS) - Haz-Scanner ၊ Air Quality Monitoring Station (AQM-65)၊ Scentroid (SL – 50 Scential)၊ Aeroqual (Series – 500 Portable Air Quality Monitor)၊ AQMesh (Dust Analyzer- 1941150)၊ (Gas Analyzer- 1940150)၊ Portable Beta Attenuation Mass Monitor (BAM 1022)၊ Air Quality Monitoring Station (AQMS) နှင့် Continuous Particulate Monitor များအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide(SO2)၊ Nitrogen Dioxide(NO2)၊ Ozone (O3) နှင့် Carbon Monoxide(CO) စသည့် အဓိက Parameter များကို ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေကြသည့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းနိုင်

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး သံရည်ကျိုမီးဖို၊ စွန့်ပစ်အပူသုံးဘွိုင်လာ၊ ရေသန့်စင်အလုပ်ရုံ၊ အောက်ဆီဂျင်အလုပ်ရုံ၊ ဓာတ်အားခွဲရုံ၊ သံသတ္တုရိုင်းပြုပြင်ရေးအလုပ်ရုံ၊ ကျောက်မီးသွေးများ သိုလှောင်ထားရှိမှု၊ စက်ရုံမှ ထွက်ရှိသော သံစိမ်းများအား အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ ပို့ဆောင်နိုင်ရေးအတွက် မီးရထားလမ်းဖောက်လုပ်ထား ရှိမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 07, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ်(၂)ရန်ကုန်၌ ကျောင်းသား/ ကျောင်းသူများနေထိုင်ရန် ဆောက်လုပ်လျက်ရှိသော ခြောက်ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။

ဆက်လက်ဖတ်ရှုရန်