Skip to main content

မြန်မာအမျိုးသားလေကြောင်းလိုင်း ရန်ကုန် - ပုသိမ် - ညောင်ဦး- မန္တလေးခရီးစဉ် အပတ်စဉ်ပျံသန်းပြေးဆွဲမည်

ရန်ကုန် အောက်တိုဘာ ၂၁

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ်ဖြစ်သော ရန်ကုန် - ပုသိမ် - ညောင်ဦး - မန္တလေးခရီးစဉ်များကို အပတ်စဉ် တနင်္ဂနွေနေ့နှင့် မန္တလေး - ညောင်ဦး - ပုသိမ် - ရန်ကုန်ခရီးစဉ်များကို အပတ်စဉ် တနင်္လာနေ့တွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန် - ပုသိမ် - ညောင်ဦး - မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ရန်ကုန်မှ နံနက် ၆ နာရီခွဲတွင် ထွက်ခွာပြီး ပုသိမ်သို့ နံနက် ၇ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ နံနက် ၇ နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ ၉ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ ၉ နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး မန္တလေး သို့ ၁၀ နာရီတွင်လည်းကောင်း၊ တနင်္လာနေ့တွင် မန္တလေး - ညောင်ဦး - ပုသိမ် - ရန်ကုန်ခရီးစဉ်များကို မန္တလေးမှ မွန်းလွဲ ၃ နာရီတွင် ထွက်ခွာပြီး ညောင်ဦးသို့ ညနေ ၃ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ ညနေ ၃ နာရီ မိနစ် ၅၀ တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ ၅ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ၅ နာရီ မိနစ် ၅၀ တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၆ နာရီခွဲတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။

ယင်းခရီးစဉ်အတွက် သတ်မှတ်ထားသော ဈေးနှုန်းမှာ ရန်ကုန်မှ ပုသိမ်သို့ ငွေကျပ် ၁၆ဝဝဝဝ၊ ပုသိမ်မှ ညောင်ဦးသို့ ငွေကျပ် ၂၈ဝဝဝဝ၊ မန္တလေးမှ ညောင်ဦးသို့ ငွေကျပ် ၂ဝဝဝဝဝ၊ ရန်ကုန်မှ ညောင်ဦးသို့ ငွေကျပ် ၂၉၀၀၀၀ သတ်မှတ်ထားပြီး ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်