Skip to main content

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား MRTV က တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် အောက်တိုဘာ ၂၁

၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၃ ရက်တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါအခမ်းအနားကျင်းပပုံများကို အောက်တိုဘာ ၂၃ ရက် နံနက် ၇ နာရီ ၄၅ မိနစ်မှ စတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD ၊ MRTV – Parliament, MRTV-NRC, MWD–HD, MWD Variety-HD Channelများနှင့် MOI Website ၊ MOI Youtube ၊ MRTV APP: အပါအဝင် MRTV Online Platform တို့က တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ထို့ပြင် မြန်မာ့အသံ ရေဒီယို၊ သဇင် FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ပတ္တမြား FM ၊ FM ပုဂံ ၊ ချယ်ရီ FM နှင့် Star FM တို့ကလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်သည်။

သတင်းစဉ်