Apr 28, 2024
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၅ ရက် ည ၁၂ နာရီမိနစ် ၃၀ က တောင်ကြီးမြို့နယ် တောင်ကြီး- အောင်ပန်းသွား ကားလမ်းတောင်လေးလုံး ကျေးရွာအနီးတွင် ချမ်းမြေ့နိုင်(ခ)ကျော်မျိုး မောင်းနှင်လာသည့် ALPHARD မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၃၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၅ နာရီတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်နေ စိုင်းစော ဟန်(ခ)စောဟန်အား စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀၀၀၊ စိတ် ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ချမ်းမြေ့နိုင်(ခ)ကျော်မျိုး ၃၃ နှစ်နှင့် စိုင်းစောဟန်(ခ)စောဟန် ၄၉ နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
Apr 28, 2024
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ရှိ အောင်လံ-ရွှေပန်းတောလမ်းပိုင်းတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီ ၂၅ ရက်တွင် ခရီးသွားပြည်သူများကို တားဆီးစစ်ဆေးပြီး ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါဖမ်းဆီးထားရှိသူများကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ဖြင့် လာရောက်ရွေးယူရန်နှင့် လာရောက်မရွေးနိုင်သူများကို စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Apr 28, 2024
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်လှည့်ဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် သာယာကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၆ ပါးနှင့် ဒေသခံပြည်သူ ၁၄၈ ဦးတို့ကို အဆိုပါ ကျေးရွာရှိ ရွှေဟင်္သာရွာဦးကျောင်းတိုက်၌လည်းကောင်း၊
Apr 28, 2024
နဝမတန်းလူရည်ချွန်မောင်မယ်များသည် ယနေ့နံနက်ပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိလာကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးစီး၍ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ တိုင်းရင်းသား ဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ သူနှင့် တာဝန်ရှိသူများက ပန်းကုံးများ၊ သပြေခက်များဖြင့်လည်းကောင်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ပညာရေးမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက လမ်းဘေးဝဲယာ တစ်လျှောက်မှလည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
Apr 28, 2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဧကာဒသမတန်း (ငွေဆောင်လူရည်ချွန်စခန်း)နှင့် ဒွါဒသမတန်း (ချောင်းသာလူရည်ချွန်စခန်း) များသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ကြိုဆိုဧည့်ခံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်း မြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များ၊ ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ်(၉) ဖွင့်ပွဲတက်ရောက်
Apr 28, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ပဉ္စမထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း အမှတ်စဉ် (၉) သင်တန်းဖွင့်ပွဲ သို့ တက်ရောက်အမှာစကား ပြောကြားသည်။
Apr 28, 2024
ပဲခူးတိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဧပြီ ၂၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဝေါမြို့နယ်ရပ်ကွက်/ ကျေးရွာ အုပ်စု ၆၄ ခုမှ ပြည်သူ ၃၄၂ ဦး၊ ဒိုက်ဦးမြို့နယ် ရပ်ကွက်/ ကျေးရွာ အုပ်စု ၅၃ ခုမှ ပြည်သူ ၃၁၀ တက်ရောက်ပြီး စုစုပေါင်း ၆၅၂ ဦး လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။
Apr 28, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်ရှိ ဦးစိုးသန်း၏ တောင်တွင်းဆီစက်၊ ဦးမောင်မောင်ဦး၏ အောင်သမာဓိဆီစက်၊ ဦးနိုင်ဝင်း၏ ကန်လှဆီစက်၊ အေလာရှိ ဦးအေးထွန်း၏ ပြည်လုံးချမ်းသာဆီစက်၊ ပျဉ်းမနားမြို့နယ်ရှိ ဦးခင်မောင်ဝင်း၏ ရွှေပြည်စိုးဆီစက်၊ ဦးလှထွန်း၏ ရွှေလိပ်ပြာ ဆီစက်တို့ကို လှည့်လည်အားပေးကြည့်ရှုသည်။
Apr 28, 2024
ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာဆီထွက်သီးနှံများနှင့် ဝါသီးနှံအထူးဇုန်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဧပြီ ၂၅ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မကွေးတိုင်းဒေသကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ၊ ဆီထွက်သီးနှံ ဇုန်တာဝန်ခံများတက်ရောက်ကြသည်။
Apr 28, 2024
ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Apr 28, 2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒသမတန်း လူရည်ချွန်မောင်မယ် ၁၄၀ နှင့် ကြီးကြပ်သူ ဆရာ ဆရာမများသည် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း ဦးဆောင်သောအဖွဲ့ဖြင့် နေပြည်တော်လူရည်ချွန်စုရပ်စခန်းမှ ယနေ့ နံနက်ပိုင်းက စတင်ထွက်ခွာကြပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့သို့ နံနက် ၉ နာရီခွဲတွင် ရောက်ရှိခဲ့ကြသည်။
Apr 28, 2024
၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေအားလုံး၏ ၄၆ ဒသမ ၅ ရာခိုင်နှုန်းသည် ကလေးသူငယ်များနှင့် လူငယ်လူရွယ်များဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံလူဦးရေ၏ တစ်ဝက်နီးပါးသည် နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွေ၊ ဆိုးမွေဖန်တီးပေးမည့် အရင်းအမြစ်များအဖြစ် အသင့်ရှိနေသည်ကို မြင်တွေ့နိုင်သည်။ ထို့ကြောင့် အဆိုပါအရင်းအမြစ်များအားကောင်းသော အမွေဆက်ခံနိုင်ရေးသည် နိုင်ငံတော်နှင့် မိဘပြည်သူများတွင် တာဝန်ရှိနေပေသည်။
Apr 28, 2024
မြန်မာ့ကော်ဖီကို ပြည်ပဈေးကွက် ဝယ်လိုအားတောင်းဆိုမှုများ မြင့်တက်လာနေခြင်းမှာ မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအဖို့ မင်္ဂလာသတင်းကောင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် ကော်ဖီစီမံကိန်းကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုစာမက ကပင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ်စိုက်ပျိုးမှုများမပြုခဲ့သဖြင့် ပြန်လည်စိစစ်မှု၊ လုပ်ကိုင်ခွင့် ရုပ်သိမ်းမှုများပြုခဲ့ရသည်။ အကယ်၍သာ ထိုစဉ်က စီမံကိန်းရည်မှန်းချက်နှင့်အညီ အမှန်တကယ်စိုက်ပျိုးခဲ့ကြပါလျှင် ယခုအချိန်တွင် ကော်ဖီထုတ်လုပ်မှု အရှိန်အဟုန်ရရှိနေမည်ဖြစ်ပြီး ဈေးကွက်တွင်လည်း နေရာတစ်ခုရရှိနေနိုင်မည်ဖြစ်သည်။
Apr 27, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) ရှိ လမ်းအသုံးပြုခ ကောက်ခံလျက်ရှိသော တိုးဂိတ်များဖြစ်ကြသည့် စီလမ်းဆုံတိုးဂိတ်၊ ပန်းတင်မီနီတိုးဂိတ်၊ သီးကုန်းမီနီတိုးဂိတ်၊ သီးကုန်းတိုးဂိတ်၊ ကံကောင်းမီနီတိုးဂိတ်၊ စကားအင်းတိုးဂိတ်၊ တံခွန်တိုင်တိုးဂိတ်များ၏ လမ်းအသုံးပြုခကောက်ခံနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး (မြို့ပြ) များနှင့် တိုးဂိတ်တာဝန်ခံများက နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
Apr 27, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 27, 2024
ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဧပြီ ၂၃ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် သနပ်ပင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၆ ခုမှ ပြည်သူ ၁၉၅ ဦး၊ ကဝမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀၃ ခုမှ ပြည်သူ ၃၀၅ ဦး စုစုပေါင်း ၅၀၀ တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။
Apr 27, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ တက်ရောက်သည်။
Apr 27, 2024
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေး ကြေညာချက်
Apr 27, 2024
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာအုပ်များလှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ Orientation ခန်းမ၌ ကျင်းပသည်။
Apr 27, 2024
ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့်ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။