ရန်ကုန် အောက်တိုဘာ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်း အမှတ်(၁၈-အေ) ရှိ စာဆိုဗိမာန် အဆောက်အဦ သုံးထပ်(RC)ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ တာဝန်ရှိများနှင့်ကုမ္ပဏီမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ထိုသို့ တွေ့ဆုံမှာကြားရာတွင် ဒုတိယဝန်ကြီးက လုပ်ငန်းစတင်ဆောင်ရွက်ရာတွင် ခိုင်မာတောင့်တင်း မှုသေချာစေရန် လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများကို အခြေခံဆောင်ရွက်ရန်လိုကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရည်အသွေးစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းကြီးတစ်ခုလုံး ၂၀၂၅ ခုနှစ်ကုန်ခန့်တွင် ပြီးစီးရေး စီမံချက်ချဆောင်ရွက်ပေးရန်နှင့် ရေစီးရေလာကောင်းမွန်ရေးကို သတိထားဆောင်ရွက်ပေးရန်၊ ပင်မအဆောက်အဦကြီးကို သတ်မှတ်ဒီဇိုင်း၊ အတိုင်းအတာဖြင့် အရည်အသွေးမလျော့စေရန်နှင့် အတွင်းပိုင်း အချောသပ်ပြင်ဆင်မှုများကို ညှိနှိုင်းပြီးကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။
သတင်းစဉ်