နေပြည်တော် အောက်တိုဘာ ၂၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကြသည်။
(အမျိုးသား) ဘောလုံးပြိုင်ပွဲကို လေ့ကျင့်ရေးကွင်း(၁)၌ လည်းကောင်း၊ (အမျိုးသား) ဘော်လီဘောပြိုင်ပွဲကို အားကစားလေ့ကျင့်ရေးခန်းမ(၁)၌ လည်းကောင်း၊ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲကို အားကစားလေ့ကျင့်ရေးခန်းမ(၃)၌ လည်းကောင်း ကျင်းပခဲ့ပြီး ပြိုင်ပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြကာ ပြိုင်ပွဲများအပြီးတွင် အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်