Skip to main content

Jan 07, 2020

လပွတ္တာ   ဇန်နဝါရီ   ၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်၌ ကလေးစာပေပွဲတော်များကိုကျင်းပလျက်ရှိရာ ကလေးစာပေပွဲတော်(လပွတ္တာ)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လပွတ္တာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

ရေဦး ဇန်နဝါရီ ၇

ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပန်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သော RC နှစ်ထပ်ကျောင်းဆောင်သစ်ပေးအပ်ပွဲကို ယနေ့ နံနက် (၉)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အလှူရှင် ဂျပန်ဘုရားဒါယကာ မစ္စတာ ကူမန်နီ၊ အောင်ဇဗ္ဗူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ညွန့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

မုံရွာ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ည (၇)နာရီက မုံရွာမြို့ဂေါက်ကွင်းတွင်ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

ရန်ကုန် ဇန်နဝါရီ ၆

လယ်ယာကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်မည့် "ဆုဆွေ" ရေရှည်တည်တံ့စိုက်ပျိုးရေး ဖောင်ဒေးရှင်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ် မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးပြတိုက်၌ ကျင်းပသည်။

တောင်သူလယ်သမားများအတွက် ရေရှည်တည်တံ့ အထွက်တိုးပြီး လူထုကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို မထိခိုက်စေသည့် စိုက်ပျိုးရေးနည်းစနစ်များကို စဉ်ဆက်မပြတ် ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ဖောင်ဒေးရှင်းကို တည်ထောင်ခြင်းဖြစ်ကြောင်း ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသိန်းဆုက မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားသည်။

စဉ်ဆက်မပြတ် ပို့ချနိုင်ရန်

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

စစ်တွေ  ဇန်နဝါရီ ၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ဇနီးတို့သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာတို့နှင့် အတူ ယနေ့ မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ ဓညဝတီ(က) ရပ်ကွက်ရှိ ဓမ္မာရာမပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၊ မင်းဂံရပ်ကွက်ရှိ ဝိဘဇ္ဇဝါဒီ(ပရဟိတ) ဘုန်းတော်ကြီးကျောင်း နှင့်  ပြည်တော်သာရပ်ကွက်ရှိ ဗုဒ္ဓေါ မော်ဘုန်းတော်ကြီးကျောင်းတိုက်တို့၌ ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာပြည်သူများ အား သွားရောက် တွေ့ဆုံ အားပေးစကား ပြောကြားပြီး ဆန်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

နေပြည်‌တော် ဖေဖော်ဝါရီ ၇

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး မစ္စတာဖရန့်ဆွာလက်ဖရက်နီးရဲခ်အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

မြန်မာနိုင်ငံတွင် သစ်တောအလွန်အကျွံခုတ်လှဲမှုနှင့် တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် သစ်တောများ ပြုန်းတီးလာလျက် ရှိသည်။ နိုင်ငံတော်အစိုးရက သစ်တောများပြုန်းတီးမှု သက်သာ စေရန်အတွက် စီမံချက်များချမှတ်ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၄ ခုနှစ်မှစ၍ နိုင်ငံခြားသို့ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းခဲ့ပြီး ၂၀၁၆ ခုနှစ် တစ်နှစ်လုံး သစ်တင်ပို့မှုကို ရပ်ဆိုင်းခဲ့သည်။ ထို့ပြင် ကျွန်းသစ်အဓိကထွက်ရှိရာ ပဲခူးရိုးမတွင်လည်း သစ်ထုတ်လုပ်ခြင်း ၁၀ နှစ် ရပ်ဆိုင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

ပြည်သူလူထုအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံပေးနိုင်ရေးတွင် နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေးကဏ္ဍများအလိုက် အင်အားတောင့်တင်း ခိုင်မာနေရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးသမိုင်းကြောင်းတွင် ပြည်သူ့ကျန်းမာရေးကို လွတ်လပ်ရေးရပြီးကာလမှစ၍ ကျေးလက်ဒေသများ အထိ ကျန်းမာရေးစောင့်ရှောက်မှုများ လွှမ်းခြုံပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်မှုများရှိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2020

နေပြည်တော် ဇန်နဝါရီ ၆

အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန် မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာရပ်သည် အားကစားတွင် အရေးကြီးပါကြောင်း၊ အဆိုပါ ပညာရပ်ကို တိုးတက်မြင့်မားလာရန်နှင့် လေ့လာရန် အများကြီးလိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2020

ရန်ကုန်  ဇန်နဝါရီ  ၆

ပထမအကြိမ် နိုင်ငံတကာ ဘာသာစကား၊ ဘာသာဗေဒနှင့် လူမှုသိပ္ပံဘာသာရပ် များဆိုင်ရာညီလာခံ (The 1st International Conference on Language and Humanities)အား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ယနေ့ စတင် ဖွင့်လှစ်ခဲ့ပြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ် က အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက နိုင်ငံတကာယဉ်ကျေးမှုဆိုင်ရာ အကအလှ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်