Skip to main content

Feb 04, 2020

လူငယ်ဘဝသည် လူတစ်ဦး၏ ဘဝအစပိုင်းကာလဖြစ်သည်။ ပထမ အရွယ်ဖြစ်၍ ပညာရှာသည့် အရွယ်လည်းဖြစ်သည်။ သို့ရာတွင် လူငယ်ဘဝ ပထမအရွယ်မှာပင် ကံအကျိုးပေးမလှ၍ မိဘမဲ့ဘဝသို့ ရောက်သွား ကြရသူများ၊ မိဘနှစ်ဦး သို့မဟုတ် တစ်ဦးဦးတို့ရှိသည့်တိုင်အောင် မိသားစု ပြဿနာများကြောင့် လေလွင့်ကလေးသူငယ်၊ လေလွင့်လူငယ်ဘဝသို့ ရောက်သွားကြရသူများ၊ ဗီဇစရိုက်ကြောင့်ဖြစ်စေ၊ မကောင်းသည့် ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ မူးယစ်ဆေးစွဲ၍ဖြစ်စေ ငယ်ငယ်ရွယ်ရွယ် နှင့် ပြစ်မှုကျူးလွန်ကြကာ ဒုစရိုက်သမားဘဝ ရောက်သွားကြရသူများ စသည်ဖြင့် ဘဝနောက်ခံအကြောင်း အမျိုးမျိုးတို့ကြောင့် စာသင်ခန်းနှင့် ဝေး၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာနှင့်လည်း ဝေးကြရသူလူငယ် များစွာတို့ ရှိနေ

ဆက်လက်ဖတ်ရှုရန်

Feb 04, 2020

မြန်မာနိုင်ငံ၏ တောတောင်ရေမြေ အလှအပနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများအား တန်ဖိုးထား ထိန်းသိမ်းလာစေရန် တိုင်းရင်းသားများ ရိုးရာအဝတ် အထည်များ၊ ဒေသထွက်ကုန်များကို မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများပါ သိရှိပြီး နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်စေရေး ရည်ရွယ်ချက်နှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် "သွေးချင်းတို့ရဲ့ ပွဲတော်" ကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပနေသည်။ ။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2020

နေပြည်တော် ဖေဖော်ဝါရီ ၄

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်မှ MEO Class 1, Refresher Course (6/2019) နှင့် MEO Class I&II Combined Course (10/2019) တို့တွင် တစ်ကြိမ်တည်းဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော သင်တန်းသားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2020

နေပြည်တော် ဖေဖော်ဝါရီ ၄     

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် U-21 အမျိုးသား (ဘောလုံး)ပြိုင်ပွဲများကို သတ်မှတ်အားကစားကွင်းများတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများ  တက်ရောက်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2020

နေပြည်တော် ဖေဖော်ဝါရီ ၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ယနေ့နံနက် (၇) နာရီတွင် ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၀) သို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2020

နေပြည်တော် ဖေဖော်ဝါရီ ၄

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ ပဥ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2020

နေပြည်တော် ဖေဖော်ဝါရီ ၄

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအတွက် အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်ရန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (၁၃၄) ကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2020

နေပြည်တော် ဖေဖော်ဝါရီ ၄

၂၀၂၀ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များအား နေပြည်တော် အားကစား ကျေးရွာရှိ စားရိပ်သာ၌ တွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2020

နေပြည်တော် ဖေဖော်ဝါရီ ၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်