Jan 01, 2020
နေပြည်တော် ဇန်နဝါရီ ၅
ဒုတိယအကြိမ်အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားသည်။
Jan 01, 2020
နေပြည်တော် ဇန်နဝါရီ ၂၇
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
Jan 01, 2020
နေပြည်တော် ဇန်နဝါရီ ၅
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ သို့ ပေးပို့ထားသည်။
Jan 01, 2020
ရန်ကုန် ဇန်နဝါရီ ၁
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ဦးဆောင်မှုဖြင့် နှစ်သစ်ကူးအထိမ်းအမှတ် ကင်းထောက်လူငယ်များစုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်အထွေထွေရောဂါ ကုဆေးရုံကြီး အမျိုးသားသွေးဌာန၌ပြုလုပ်ရာ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ ကင်းထောက်သင်တန်းမှူးချုပ် ဦးမြင့်ဆွေနှင့် ကင်းထောက်ကြီးများ၊ တက္ကသိုလ်ကင်းထောက်လူငယ်များ တက်ရောက် ကြသည်။
Jan 01, 2020
ရန်ကုန် ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ကို ယနေ့ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် မြတ်ကြီး ခြေတော်ရင်းရှိ ပြည်သူ့ဥယျာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
တရားတော်နာယူကြည်ညို
Jan 01, 2020
ထားဝယ် ဇန်နဝါရီ ၂
၂၀၂၀ ပြည့် နှစ်သစ်ဦးတွင် ကုသိုလ်ပြုသန့်ရှင်းရေးအဖွဲ့မှ ဦးဆောင်၍ ပထမအကြိမ် စုပေါင်းကုသိုလ်ယူ သွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
Jan 01, 2020
နေပြည်တော် ဇန်နဝါရီ ၁
ယနေ့ကျရောက်သည့် ၂၀၂၀ ပြည့်နှစ် နှစ်သစ်အခါသမယတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများနှင့် အပန်းဖြေ လည်ပတ်စရာ အထင်ကရနေရာများတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ် ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။
Jan 01, 2020
မန္တလေး ဇန်နဝါရီ ၁
မန္တလေးတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် မေတ္တာမျက်ဝန်း လူငယ်ပရဟိတဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် သံဃာအပါး ၅၀၀ သံဃာဒါန ဆွမ်းလောင်းပွဲကို မန္တလေးတက္ကသိုလ် ပင်မဆောင်မျက်နှာစာ၌ ယနေ့ နံနက် ၇ နာရီတွင် ကျင်းပသည်။
လောင်းလှူ
Jan 01, 2020
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာပြီ။ လွတ်လပ်ရေးရရှိရေး ကြိုးပမ်းခဲ့ကြသည့် ပုဂ္ဂိုလ်များမှာ များများစားစား မရှိတော့ချေ။ လွတ်လပ်ရေး ကြိုးပမ်းမှု အဖြစ်အပျက်များမှာ ယနေ့ထက်တိုင် မမေ့နိုင်သေးပေ။ လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ၊ စွန့်လွှတ်စွန့်စားမှုများမှာ နိုင်ငံနှင့်ပြည်သူအတွက် မော်ကွန်းတင်အပ်သော မမေ့နိုင်သည့် မှတ်တိုင်များဖြစ်သည်။
Jan 01, 2020
ရာသီဥတုအပြောင်းအလဲက မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာသည်။ ပုံမှန်ရာသီဥတုဖြစ်စဉ်များမှ သွေဖည်လာသည့်အခါ ပြောင်းလဲလာသည့် ရာသီဥတုနှင့်ကိုက်ညီပြီးဈေးကွက်တွင်လည်း အလုပ်ဖြစ်မည့်သီးနှံမျိုးကို ရွေးချယ် စိုက်ပျိုးကြရမည့် အခြေအနေသို့ ရောက်ရှိလာသည်။ ယခင်အတိုင်း သမားရိုးကျစိုက်ပျိုးနည်းပုံစံများအစား ပုံစံသစ်၊ နည်းပညာသစ်များကို ကျင့်သုံးကြရတော့မည်ဖြစ်သည်။