Feb 08, 2020
နေပြည်တော် ဖေဖော်ဝါရီ ၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသ ကြီးရှိ ပဲခူးမြစ်ကူးတံတား အမှတ်(၃)တည်ဆာက်ရေး စီမံကိန်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့သို့ကြည့်ရှုစစ်ဆေးစဉ် တံတားရှင်းလင်းဆောင်၌ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
Feb 08, 2020
ပန်းတောင်း ဖေဖော်ဝါရီ ၈
ယနေ့ နံနက်(၉) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ရွာသစ်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွဋ်တင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။
Feb 08, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၈
လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာ၊ ဖဲဘူးဆို(ခေါ်) နတ်တောင်တော် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့အေးချမ်းရေး သဘာဝကျောက်သား ဓာတ်ပေါင်းစုလာဘမုနိ ဆုတောင်းပြည့် ရုပ်ရှင်တော်မြတ် ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းအနားနှင့် အောင်ဝိဇ္ဇာညီနောင် ဆုတောင်းပြည့် ငြိမ်းချမ်းရေး ပြယုဂ် ကျောက်ဆင်တော်နှင့် ကျိုက်ခြေထောက် သဘာဝကျောက် စေတီတော် ဓမ္မာရုံအလှူဒါန အတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်က ဒေါကလိုးခူကျေးရွာ၊ ဖဲဘူးဆို(ခေါ်)နတ်တောင် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Feb 08, 2020
ရန်ကုန် ဖေဖော်ဝါရီ ၈
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူပေါင်းဆောင်ရွက်မှုဖြင့် လူထုအခြေပြု ဗဟိုဌာန (Community Centre)(ဗဟန်း)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဗဟန်းမြိုနယ်၊ အရှေ့ ရွှေဂုံတိုင် လမ်းရှိ လူထုအခြေပြု ဗဟိုဌာန(ဗဟန်း)၌ ကျင်းပသည်။
Feb 08, 2020
နတ်တလင်း ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်မှ ဌာနဆိုင်ရာများ၊ တောင်ညိုမြို့သစ်မှ ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲက တောင်ညိုမြို့သစ် မျော်တော်တောင်ဘုရားဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်က ယနေ့လာရောက်ခြင်းသည် ပြည်သူတို့၏ လိုအပ်ချက်တင်ပြမှုများကို လာရောက်ဖြေရှင်းပေးရန် လာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး ဖြေရှင်းရာတွင် မတူကွဲပြားသည့်အရာများကို ပေါင်းစည်းဆောင်ရွက်ခြင်းဖြင့် အဖြေရှာကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
Feb 08, 2020
ရန်ကုန် ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ကယားပြည်နယ်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။
ပွဲတော် နောက်ဆုံးညဖြစ်သည့် ယနေ့ညတွင် အင်ပါယာတီးဝိုင်းနှင့် အတူ Runner, The Key , K blood တီးဝိုင်းတို့ ပါဝင်ပြီး နိုင်ငံကျော် တေးသံရှင်များ ဖြစ်ကြသည့် ဇော်ဝင်းထွဋ်၊ ဝေလ၊ သာဒီးလူ၊ အောင်ထက်၊ နီနီခင်ဇော်နှင့် ချမ်းချမ်း တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
Feb 08, 2020
မုံရွာ ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီက ကလေးခရိုင်၊ မင်းကင်းမြို့နယ် လက်ပံဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သော ကျောင်းဆောင်သစ် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Feb 08, 2020
ရန်ကုန် ဖေဖော်ဝါရီ ၇
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကယားပြည်နယ် အစိုးရအဖွဲ့တို့၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ဦးဆောင်ကျင်းပ သော “သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀)” ပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက် အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစား ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Feb 08, 2020
မြစ်ကြီးနား ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်နေ ပြည်သူလူထုများနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်အတွင်းရှိ ဗက်လင်ဘုရားရှိခိုးကျောင်း၌ ကျင်းပပြုလုပ်သည်။
Feb 07, 2020
“တိုင်းရင်းသားပြည်သူများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ ဘက်လိုက်မှုကင်းပြီး ဥပဒေနှင့်အညီ တရားမျှတသော စီမံဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုမျိုး ကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းမှာ ဒီမိုကရေစီ၏ အခြေခံအခွင့် အရေးဖြစ်ပါကြောင်း” ဖေဖော်ဝါရီလ ၇ ရက်နေ့ကတောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။