Feb 25, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၅
ကူဝိတ်နိုင်ငံ၏ (၅၉) နှစ်မြောက်အမျိုးသားနေ့နှင့် (၂၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ဇနီးတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ကူဝိတ်နိုင်ငံ နိုင်ငံတော်သီချင်း တို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
Feb 25, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၅
Coronavirus 2019 (COVID-19) ကြောင့် ဖြစ်ပွားသော လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေးကော်မတီ (ပဉ္စမအကြိမ်) ညှိနှိုင်းအစည်းအဝေးကို နံနက် ၁၁ နာရီက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 25, 2020
(၂၅-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Feb 25, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံ မှ ဂီတစာဆို တီးဝိုင်းခေါင်းဆောင် Mr. Yunosuke Yamamoto (Conductor & Composer) ဦးဆောင်သော ဂျပန်အနုပညာရှင်များ ပူးပေါင်းဖျော်ဖြေ တင်ဆက်သည့် "Myanmar National Symphony Orchestra Concert 2020" ဖျော်ဖြေပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး နန့်ကြင်ကြည်တို့ တက်ရောက်အားပေးသည်။
Feb 25, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၅
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများ ပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
Feb 25, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၅
မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union- MPU) အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့ညနေ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 25, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၂၅
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြင့်အိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၁)၊ ကယား ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ် (၁၈) နှင့် အခြေခံသိုးမွေးစက်ဆွဲ သင်တန်း အမှတ်စဉ်(၁၅)သို့ တက်ရောက်နေသည့် သင်တန်းသူ (၅၀)ဦး တို့အတွက် သင်တန်းဆင်း တူညီဝတ်စုံများ ထောက်ပံ့ပေး နိုင်ပါရန် တင်ပြလာသည့်အပေါ် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယမန်နေ့ ညနေ ၃ နာရီခွဲအချိန် က ၎င်းရုံးခန်း၌ ရန်ပုံငွေကျပ် (၂.၅) သိန်းအား တာဝန်ခံဆရာမတို့ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Feb 25, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး တီဘီတိုက်ဖျက်ရေးဌာန ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြန်မာနိုင်ငံတီဘီအသင်း (MATA) နှင့် စံပြလူမှုကူညီရေး ပရဟိတလူငယ်အသင်း (ရန်ကုန်)တို့ ပူးပေါင်း၍ အခမဲ့တီဘီရောဂါနှင့် အခြားရောဂါများအား စမ်းသပ်စစ်ဆေး ပေးခြင်းကို ယနေ့ နံနက်က ဗဟိုစံပြငါးဈေးရုံး၌ ပြုလုပ်သည်။
Feb 25, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၅
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိစေတီတော်၏ (၁၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို မတ် ၂ ရက်မှ ၈ ရက်အထိ ခုနှစ်ရက်တိုင်တိုင် စေတီတော်ပွဲတော်ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် သည်။
Feb 25, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်(၁၀)နာရီတွင် Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ တွေ့ရှိလာပါက ထိရောက်စွာကုသမှု ပေးနိုင်ရေးအတွက် နေပြည်တော် ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ သီးခြားဆေး ကုသဆောင် ပြင်ဆင်ထားရှိမှုအား သွားရောက်စစ်ဆေးကြ သည်။