Skip to main content

Mar 10, 2020

နေပြည်တော်  မတ်  ၁၀

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် -

ဆက်လက်ဖတ်ရှုရန်

Mar 10, 2020

နေပြည်တော် မတ် ၁၀

(၂၅)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2020

နေပြည်တော် မတ် ၁၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် International Institute for Democracy and Electoral Assistance (International  IDEA) ၏ Asia and Pacific Director Ms. Leena Rikkila Tamang နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2020

နေပြည်တော် မတ် ၁၀

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ် တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦး ရှိသည့်အနက် ၆၃၃ ဦး တက်ရောက်ပြီး ၂၁ ဦး ခွင့်တိုင်ကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများအပေါ် ဆွေးနွေးချက် အချို့ကို လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ခြင်းနှင့် စပ်လျဉ်း၍ ကြေညာသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2020

နေပြည်တော် မတ် ၁၀

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် မတ် ၉ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လာဘို့ - မင်းကင်းလမ်း၊ ပေ ၁၂၀ အရှည်ရှိ မြင်းအော် တံတားကို ဘေလီတံတားမှ နှစ်လွှာတစ်ထပ် ဘေလီတံတားအဖြစ် ပြုပြင်၍ ကြမ်းခင်းအသစ် လဲလှယ်နေမှုနှင့် ကနီ - မင်းကင်း - တောင်တွင်းချောင်လမ်းပေါ်ရှိ ပုထိုးလုံးတံတား ချဉ်းကပ် မြေသားလမ်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2020

နေပြည်တော် မတ် ၁၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ် သည် ယမန်နေ့ နံနက်ပိုင်း တွင် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

နေပြည်တော် မတ် ၁၀

မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေး ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် ပြုစုရေးဆွဲရေး ဆိုင်ရာ ဆက်စပ် ပတ်သက်သူများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပခဲ့သည်။

ညှိနှိုင်းအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ 

ဆက်လက်ဖတ်ရှုရန်

Mar 09, 2020

ဖလမ်း မတ်  ၁၀

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ဖလမ်းမြို့နယ်၊ ရာလ်လောန်ကျေးရွာနှင့် ဆွမ်ဟရန်း ကျေးရွာရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်