Skip to main content

Oct 08, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ ရွာသွန်းသောမိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများ တိုင်းတာခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

ငါးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတထိန်းသိမ်းနိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးရိက္ခာဖူလုံစေရန်နှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနအောက်ရှိ ငါးလုပ်ငန်း သင်တန်းကျောင်းများသည် ငါးလုပ်ငန်းဆိုင်ရာ အသိပညာပေးသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းသင်တန်းကျောင်း (ကြို့ကုန်း) သင်တန်းခန်းမ၌ ငါးမျိုးစိတ်များ ခွဲခြားအမည်ပေးနည်းသင်တန်းကို အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီက ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၄ ခုနှစ် အဝေးသင်တက္ကသိုလ် ပထမအသုတ်သိပ္ပံသင်တန်းသားများ အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း၊ ရတနာပုံတက္ကသိုလ်၌ အဝေးသင်ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး တက္ကသိုလ်သန့်ရှင်းသာယာရေးနှင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အခြေခံပညာဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၈နာရီတွင် အဆိုပါ တက္ကသိုလ်ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး စီမံကိန်းဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မိုးကြိုးပစ်ကျေးရွာ မိုးပုလဲစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသား ၃၀ ၏ စိုက်ဧက ၉၀ အတွက် ပံ့ပိုးငွေကျပ် ၁၈ သန်းနှင့်ညီမျှသည့် သွင်းအားစုများ(ပုလဲ)၊ (အာမို) အိတ် ၉၀ နှင့် မြင်းပျံ (ကွန်ပေါင်း) အိတ် ၉၀ တို့အားပံ့ပိုးပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ သတ္တမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ကျင်းပရာ အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ-၁ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် လုပ်ငန်းကော်မတီဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေး အဖွဲ့ငယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

Naypyitaw State Academy မှ ဥပဒေအထူးပြုကျောင်းသားများ ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့လုပ်ငန်းများ လေ့လာသင်ယူနိုင်ရန် ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေပညာရှင်များက ဝန်ကြီးဌာန၏ လက်တွေ့လုပ်ငန်းစဉ်များကို ရက်သတ္တခြောက်ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းအမှတ်စဉ် (၇/၂၀၂၄) သင်တန်းဖွင့်ပွဲအား ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အအုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၆ ရက်တွင် နေပြည်တော်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့ တောင်စဉ်အေး ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Cal-dina မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

မြန်မာနိုင်ငံဂေါက်သီးအားကစား အဖွဲ့ချုပ်ကဂေါက်ကွင်းများတွင် (World Handicap System) ခေါ် ကမ္ဘာသုံးအချက်ရေအကျောပေးစနစ်ကို မြန်မာနိုင်ငံအတွင်းရှိ ဂေါက်သီးအားကစားကွင်းများတွင် အသုံးပြုနိုင်ရေးအတွက် နေပြည်တော်အတွင်းရှိ City Golf Club နှင့် Royal Myanmar Golf Club တို့၌ Course Rating တိုင်းတာပြီးစီးမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Royal Myanmar Golf Club ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့သို့ရောက်ရှိပြီး ကလောမြို့ အမှတ် (၁) နှင့် (၅) ရပ်ကွက်အတွင်း စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မေးခွန်းများအား တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူနေမှုကို ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ Good Things Assessment Cen-ter ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

နေပြည်တော်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေး၊ စာရေရိက္ခာဖူလုံရေးအတွက် စိုက်ဧကများအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးရေး၊ သီးထပ်စွမ်းအား ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးတို့ကို အလေးထားဆောင်ရွက် ကြစေလိုကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၌တွေ့ဆုံပြီး တိုက်တွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် ပျဉ်းမနားမြို့ ကန်ဦးကျောင်းတိုက် မဟာစည်သာသနာ့ရိပ်သာ၊ ပဓာနနာယက၊ မဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တနန္ဒမာလာက ငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလက်ခံရယူပြီး ကျေးဇူးတင်စကားလျှောက်ထားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ဆက်ကပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

အောက်တိုဘာ ၇ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဝါသီးနှံနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဘီနင်နိုင်ငံ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် တာဝန်ရှိသူများ၊ ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ မှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီးဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသွားရာ လမ်းတစ်လျှောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်နံရံများမှ မြေသားများလမ်းပေါ်သို့ ပြိုကျခဲ့မှုအား စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှု၊ ရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သည့်လမ်းများအား ပြုပြင်ဆောင်ရွက်နေမှု၊ ယာယီသွားလာနိုင်ရေး ဆောင်ရွက်ထားမှုနှင့် ဓာတ်အားပေးစက်ရုံသို့သွားရောက်သည့် ချဉ်းကပ်လမ်း ရေတိုက်စားပျက်စီးခဲ့မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာသို့ရောက်ရှိပြီး ရေကြီးရေလျှံရေတိုက်စားမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ပဲလှော်ဖိုလုပ်ငန်းရှင်များ၊ ကျေးရွာနေပြည်သူများ၏လုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် သမဝါယမဦးစီးဌာနမှ သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးသည့်ချေးငွေဖြင့် ပဲလှော်ဖိုများပြင်ဆင်ခြင်း၊ အသစ်တည်ထောင်ခြင်း၊ ကုန်ကြမ်းများဝယ်ယူခြင်းနှင့် လုပ်ငန်းများစတင်လည်ပတ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2024

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံရေးစနစ်အမျိုးမျိုးကျင့်သုံးခဲ့သည်။ နိုင်ငံရေးစနစ် ပြောင်းလဲကျင့်သုံးမှုနှင့်အတူ စီးပွားရေးစနစ်များလည်း ပြောင်းလဲကျင့်သုံးခဲ့သည်။ စီးပွားရေးတွင် တိုးတက်မှုများရှိသကဲ့သို့ ဆုတ်ယုတ်မှုများ၊ ထိုက်သင့်သလောက် အောင်မြင်မှုမရှိသည်များလည်းရှိခဲ့သည်။ စီးပွားရေးအားနည်းချက်ဖြစ်ပေါ်မှုကြောင့် လူမှုဘဝတွင် ဂယက်ရိုက်ခတ်ပြီး နိုင်ငံရေးပြဿနာများလည်း ပေါ်ပေါက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်