Nov 28, 2024
မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။
Nov 28, 2024
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် စီအယ်လ်အမ်ဗွီ (CLMV) နှင့် အက်ခ်မက်(ACMECS) ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် ဌာနဆိုင်ရာအရာရှိကြီး များ အစည်းအဝေးများကို နှစ်နှစ်လျှင်တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ (၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်း အဝေးနှင့် အဆင့်မြင့်အရာရှိကြီး များအစည်းအဝေး၊ (၆) ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတို့ကို နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက် အထိ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် In Person စနစ်ဖြင့် မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
Nov 28, 2024
၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
Nov 28, 2024
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ သည် ၂ဝ၂၃ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသောစာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါ သည်။
Nov 28, 2024
ပြည်တွင်းပြည်ပခရီးသွားများ သွားလာနေထိုင်သည့်နေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
Nov 28, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Dusit Manapan နှင့် အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Nov 28, 2024
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (၂၀၂၄-၂၀၂၆) ကို ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းအစီအစဉ်အရ “အဂတိလိုက်စားမှုကျူးလွန်ရာမှ ရရှိလာသည့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ” နှင့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့တွင် ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။
Nov 28, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားပြိုင်ပွဲများကျင်းပမည့် အားကစားကွင်း/ အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Nov 28, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် GNE Co.,Ltd တို့ ပူးပေါင်းပြုလုပ်သည့် Solar Winds Network Monitoring System နှင့်စပ်လျဉ်းသည့် အသိပညာများ မျှဝေပေးခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ GNE Co.,Ltd မှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနရှစ်ခုမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 28, 2024
ပြည်သူ့ဆေးရုံများတွင် ပြည်သူ့ဆက်ဆံရေးကဏ္ဍတိုးတက်ကောင်းမွန်စေရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Nov 28, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Dusit Manapan ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 28, 2024
ဟိုတယ်နှင့် ခရီးသွားကဏ္ဍလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်များကို ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်ရန် ရည်ရွယ်၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန် နေ့နံနက်ပိုင်းက Royal Taunggyi Hotel ၌ ကျင်းပသည်။
Nov 28, 2024
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၄ /၂၀၂၄) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
Nov 28, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် တည်းခိုရေးစခန်း ရွာတော်သို့ ရောက်ရှိပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်တင်ဆက်မည့် “ခေတ် ၆ ခေတ်” ယိမ်းအကလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးကာ အားပေး စကားပြောကြားသည်။
Nov 28, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့သည် ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများအတွက် အကြိုလေ့ကျင့်နေမှုများနှင့် ပြင်ဆင်နေမှုများကို ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သည်။
Nov 28, 2024
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Nov 28, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်တွင် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပတော့မည်ဖြစ်သည်။ ယခုအခါ အမျိုးသားအားကစားပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပြီးနောက် နေပြည်တော်သို့ ရောက်ရှိလာကြပြီး ဝန်ကြီးဌာနကိုယ်စားပြု အားကစားအဖွဲ့များနှင့်အတူ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုတင်ပြင်ဆင်လေ့ကျင့်နေကြပြီဖြစ်သည်။
Nov 28, 2024
သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြည်သည့် ဥယျာဉ်များ၊ လမ်းများ တည်ဆောက်ဖောက်လုပ်ထားခြင်းက မြို့များကို သာယာလှပစေသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ပိုမိုကောင်းမွန်စေသည်။ ထို့အပြင် ထိုမြို့နေပြည်သူများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတို့ကိုလည်း အထောက်အကူဖြစ်စေသည်ဟု ပညာရှင်များက ဆိုမိန့်သည်။
Nov 27, 2024
မသမာသူများအနေဖြင့် လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် အမည်အမျိုးမျိုးဖြင့် ကိုယ်ပိုင် Page များ ဖွင့်လှစ်အသုံးပြုကာ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင် ပြောဆို၍ ၎င်းတို့နှင့်ဆက်သွယ်လာသူ ငွေစက္ကူအတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူမှုများ ဖြစ်ပွားလျက်ရှိသဖြင့် အဆိုပါ Facebook အကောင့်ပိုင်ရှင်များအား ဖမ်းဆီးရမိရေး အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အထူးအမှုစစ်အဖွဲ့များဖွဲ့စည်း၍ နည်းပညာအကူအညီရယူကာ စုံစမ်းရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Nov 27, 2024
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များအကြား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ပြုလုပ်သည်။