Dec 02, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းသည် အိန္ဒိယနိုင်ငံနယူးဒေလီမြို့ Bharat Mandapam ၌ ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပမည့် (၂၉) ကြိမ်မြောက် အစိုးရ - ပုဂ္ဂ
Dec 02, 2024
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ကျန်းမာရေးဝန်ကြီး H.E. Mr. Lei Haicho ၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
Dec 02, 2024
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အအုံများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှု ရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်ကြောင်း။
Dec 02, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 02, 2024
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပမည့် ၂၀၂၄ ခုနှစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ တက်ရောက်ရန် ယမန်နေ့ညနေပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
Dec 02, 2024
နီပေါနိုင်ငံ ဝန်ကြီးချုပ်၏ အထူးဧည့်သည်တော်အဖြစ် နီပေါနိုင်ငံသို့ ကြွရောက်လာသည့် နိုင်ငံတော်သြဝါဒါစရိယရွှေကျင်နိကာယ သာသနာပိုင်အဘိဓဇမဟာရဋ္ဌဂုရု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရသီတဂူဆရာတော်ကြီးသည် လုမ္ဗိနီတွင် သီတင်းသုံးနေစဉ် ကာလအတွင်း နိုဝင်ဘာ ၃၀ ရက်က လုမ္ဗိနီဥယျာဉ်အတွင်းရှိ မယ်တော်မာယာကျောင်းဝင်းအတွင်းသို့ သွားရောက်သည်။
Dec 02, 2024
(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် “စာပေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး” စာပေစကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) Ruby Hall ၌ ကျင်းပသည်။
Dec 02, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်းကာရာအော်လ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Dec 02, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာန အားကစားအဖွဲ့များထံသို့ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားအသင်းခေါင်းဆောင်များနှင့် အားကစားမောင်မယ်များ တက်ရောက်ကြသည်။
Dec 02, 2024
ရန်ကုန်မြို့ရှိ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်ဘူတာကြီး၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပေးကာ DEMU ရထားတွဲဆိုင်းသစ်တွင် လိုက်ပါစီးနင်းပြီး ခရီးသွားပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
Dec 02, 2024
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မော်တော်ကားစီးရေ ၁၀၈၀၀၀၀ ကျော်၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီအပါအဝင် စက်တပ်ယာဉ်စီးရေ ၇၃၀၀၀၀၀ ကျော်ရှိကြောင်း ၂၀၁၉ ခုနှစ် စာရင်းများအရ သိရသည်။ အဆိုပါ အရေအတွက်များသည် မှတ်ပုံတင်ထားပြီးသော ယာဉ်များဖြစ်ပြီး စက်ဘီး၊ ဆိုက်ကား စသည့် ဘီးတပ်ယာဉ်များလည်း ရှိနေရာ ၎င်းယာဉ်များအားလုံးအတွက် တာယာ၊ ကျွတ် စသည်တို့၏ လိုအပ်ချက်များမှာလည်း များပြားသည်။
Dec 01, 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်း ဝင်ရောက်၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူမှုများ ဖြစ်ပွားနေကြောင်း ဒုစရိုက်မှုကို မလိုလားသူတာဝန်သိပြည်သူများ၏ သတင်းပေးပို့တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Dec 01, 2024
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ပထမပတ်)စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပပြုလုပ်ကြသည်။
Dec 01, 2024
၂၀၂၄ ခုနှစ်၊ ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ် ၂၁၁၉ ခု နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်မိတ်ဆုံစားပွဲကို နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ခရိုင်အားကစားကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။
Dec 01, 2024
တပ်မတော်(ရေ)ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အမြန်သွားကင်းလှည့်ရေယာဉ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂၉ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်၌ ဖျာပုံမြစ်ဝအနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် ငါးဖမ်းလှေတစ်စီးသောင်တင်၍ ရေဝင်နစ်မြုပ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်ခဲ့ရာ ဖျာပုံမြို့မှ ရန်ကုန်သို့ထွက်ခွာလာသော မြမျိုးလွင် (၉) အမည်ရှိ လှေသား ၁၉ ဦးပါ ဒရွတ်ဆွဲငါးဖမ်းလှေသည် ရုတ်တရက်လှိုင်းလှေပြင်းထန်ကာ သောင်တင်မှုဖြစ်ခဲ့ခြင်းကြောင့် ရေယာဉ်ဝမ်းဗိုက်အတွင်း ရေဝင်မှုများဖြစ်ပေါ်ကာ လှေတစ်ဝက်မှာ နစ်မြုပ်နေသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရရှိသည့် လှေသားများအား စစ်ရေယာဉ်ပေါ်သို့ တင်ဆောင်၍ လိုအပ်သော ကျန်းမာရေးစစ်ဆေးကုသခြင်း၊ အဝတ်အထည်နှင့် အစားအသောက်များထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Dec 01, 2024
(၇၅) ကြိမ်မြောက်စိန်ရတု အမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန ၁ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Dec 01, 2024
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားခဲ့သည့် ခေတ်အဆက်ဆက်မှ သူရဲကောင်းစစ်သည်များအား အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကို (၁၁) ကြိမ်မြောက်အဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ကျင်းပပြုလုပ်သည်။
Dec 01, 2024
(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။
Dec 01, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 01, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်နှင့် ဖျာပုံခရိုင်တို့အတွင်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၃၇၁၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။