Dec 01, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ Indoor Stadium (B)ရုံ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ဖျော်ဖြေကြမည့် အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)မှ ကျောင်းသား ကျောင်းသူ ၂၇၀ က ထိုးကွင်းလေးနှင့် ခြင်းခတ်သူ နောက်ခံသီချင်းဖြင့် မြန်မာ့ရိုးရာခြင်းလုံးကို ခြင်းခတ်ကစားကြရင်း နိုင်ငံတော်အလံပုံအပါအဝင် အုပ်စုဖွဲ့ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဟန်ချက်ညီညီ အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
Dec 01, 2024
တတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ နဝမပုံမှန်အစည်းအဝေး (၄/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အင်ဂျင်နီယာအထူးပြုပညာရပ်အလိုက် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဝင်များ တက်ရောက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာနရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှ Virtual စနစ် ဖြင့် တက်ရောက်သည်။
Dec 01, 2024
EV Training of Trainers သင်တန်း (၂/၂၀၂၄) ဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အစိုးရ စက်မှုလက်မှုသိပ္ပံ (အင်းစိန်)၌ ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
Dec 01, 2024
မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Aureum Palace Hotel, Lake View Hall ၌ကျင်းပသည်။
Dec 01, 2024
(၂၀၂၄) ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။
Dec 01, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများ ဇေယျာသီရိအားကစားကွင်းအတွင်း လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
Dec 01, 2024
ယနေ့ ၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်နေ့၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော သတ္တမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့အခမ်းအနားတွင် ထားဝယ်တိုင်းရင်းသားများနှင့်တကွ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး ကောင်းကျိုးလိုအင်ဆန္ဒများဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Dec 01, 2024
ယနေ့သည် နတ်တော်လဆန်း ၁ ရက်နေ့ဖြစ်သည်။ နတ်တော်လတွင် ရှေးမြန်မာဘုရင်တို့သည် စစ်ဘက်၊ စာပေဘက်၊ အုပ်ချုပ်ရေးဘက်တို့၌ ထူးချွန်သော ပညာရှင်များ၊ မင်းညီမင်းသားများ၊ မှူးမတ်စသည်တို့ကို ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ချီးမြှင့်လေ့ရှိသည်။ ထိုသို့ ဘွဲ့နှင်းသဘင်ပွဲဆင်ယင်ကျင်းပခြင်းဖြင့် နိုင်ငံတော်တွင် စစ်သူရဲကောင်း၊ စာပေသူရဲကောင်း၊ အုပ်ချုပ်စီမံထူးချွန်သူများ ထွက်ပေါ်လာအောင် ဖန်တီးရာရောက်သဖြင့် တိုင်းပြည်အတွက် အကျိုးရှိသောအစဉ်အလာဖြစ်သည်။
Dec 01, 2024
စာပေနှင့်ပတ်သက်လျှင် မြန်မာတို့က “အလိမ္မာစာမှာရှိဟူ၍ စွဲမှတ်ကြသည်။ အင်းဝခေတ် စာဆိုအကျော်အမော် ရှင်မဟာရဋ္ဌသာရ ဆရာတော်၏ဆုံးမစာတွင် “မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ မိုက်မှားခဲ့စွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။” ဟူ၍ပါရှိရာ စာပေသည် စာဖတ်သူတို့အား ယခုပစ္စုပ္ပန်နှင့် နောင်သံသရာအကျိုးကို ဆောင်ကြဉ်းပေးနိုင်သည်ဟု ရှေးကပင်ယုံကြည်ခဲ့ကြသည့် သာဓကတစ်ခုပင်ဖြစ်သည်။
Nov 30, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ တွံတေးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 30, 2024
ကယားပြည်နယ်၊ လွိုင်လင်လေးမြို့နယ်၊ ထီးစဲခါးကျေးရွာရှိ ထီးစဲခါးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသ အမှူးပြုသော သံဃာတော် ၅ ပါးသည် ယနေ့နံနက် ၈ နာရီခန့်တွင် ကျောင်းတိုက်၌ စေတီတော်အသစ်တည်ထားကိုးကွယ်ရန် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန်အတွက် မန္တလေးမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၊ အောင်ကလပ်ကျေးရွာအနီးသို့အရောက်၌ KNDF နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် သံဃာတော်များဖြစ်ကြသည့် ဥူးပီညောဘာသ၊ ဥူးစန္ဒိမာနှင့် ဥူးပဏ္ဍိတတို့တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဥူးစန္ဒိမာသည် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။
Nov 30, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Nov 30, 2024
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ အောင်ရတနာရပ်ကွက်ရှိ “ချိုချို”စိန်ရွှေရတနာဆိုင်သို့ အမျိုးသားနှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဆိုင်အတွင်းရှိ မှန်ကောင်တာအားတူဖြင့် ထုခွဲကာ ဆွဲသီးပါရွှေဆွဲကြိုး ၂၀ ကုံး၊ ရွှေကလစ် ၁၅ ခု၊ ရွှေအလေးချိန် ၁၃ ကျပ်သားခန့်၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၇၅၄ သိန်းခန့်အား လုယက်ယူဆောင်သွားခဲ့ပြီး သေနတ်ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းဦး(၅၉)နှစ်နှင့် ဆိုင်အပြင်လမ်းမပေါ်တွင်ရှိနေသည့် ဦးအောင်မျိုးမြင့်ပိုင်(၂၇)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မကွေးမြို့မရဲစခန်း(ပ)၁၂၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်၍ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
Nov 30, 2024
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ Naypyitaw State Academy, Faculty of Medicine ဆေးပညာနှီးနွှယ်တက္ကသိုလ်များနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့တွင် နိုဝင်ဘာ ၂၁ ရက်၌ စတင်ဖွင့်လှစ်ခဲ့သည့် ပထမနှစ်သင်တန်းအသီးသီးသို့ တက်ရောက်ခွင့်ရရှိကြသော ကျောင်းသား ကျောင်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် Naypyitaw State Academy, Function Hall ၌ ကျင်းပသည်။
Nov 30, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဆေးရုံတက်ရောက်ကုသနေသောလူနာများကို ကြည့်ရှုအားပေးသည်။
Nov 30, 2024
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘော အားကစားသမားများကို ယနေ့ညနေ ၄ နာရီခွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံအားပေးစကားပြောကြားသည်။
Nov 30, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တည်းခိုရေးစခန်း (ရွာတော်) ၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားတွင် ပါဝင်ကပြဖျော်ဖြေကြမည့် အနုပညာဦးစီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး)၊ အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း (မန္တလေး)၊ ကရင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့တို့မှ အင်အား ၃၅၀ ဖြင့် အကအစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
Nov 30, 2024
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် စီအယ်လ်အမ်ဗွီ (CLMV) နှင့် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများကို နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။
Nov 30, 2024
မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် ဒုတိယနေ့ စာတမ်းဖတ်ပွဲများကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ MICC II ၌ ယနေ့နံနက်ပိုင်းတွင် Parallel Session သုံးခုဖြင့်ကျင်းပပြီး မွန်းလွဲပိုင်းတွင် Plenary Session ကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးတို့ တက်ရောက်အားပေးကြသည်။
Nov 30, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် သတင်းဌာနဖြစ်သည့် ITAR-TASS သတင်းဌာန၏ ထိုင်းနိုင်ငံဌာနခွဲ အကြီးအကဲ Mr. Igor Brovarnik ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ၍ ရုပ်သံအင်တာဗျူးဖြေကြားသည်။