ရန်ကုန် ဇူလိုင် ၂၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာပညာဦးစီးဌာန ရုံးဟောင်းသို့ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ကဆံကွင်းအတွင်းရှိ မြန်မာနိုင်ငံ ခရစ်ကက်အားကစားအဖွဲ့ချုပ်က အားကစားသမားများလေ့ကျင့်ရန် ကွင်းပြင်ဆင်နေမှုများ၊ မိုးလုံလေလုံအားကစားရုံကို အမိုးများလဲလှယ် တပ်ဆင်ရန်ပြင်ဆင်နေမှုများ၊ ကြမ်းခင်းများခင်းကျင်းရန် ပြင်ဆင်ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပဏာမလက်ရွေးစင် အားကစားသမားများအတွက် ဖွင့်လှစ်ကုသပေးလျက်ရှိသည့် အားကစားဆေးဘက်ဌာနခွဲ ဆေးခန်းသို့ရောက်ရှိပြီး ကုသမှုဆိုင်ရာစက်ပစ္စည်းများထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်