Apr 19, 2022
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက် သမားများအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်း ပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ် သတ်ဖြတ်ခြင်းများအား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရသည်။
Apr 19, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံကော်ဖီအသင်း (Myanmar Coffee Association) နှင့် ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Apr 19, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Apr 19, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ခရိုင်အတွင်းရှိ ပြင်ဦးလွင်ဘူတာ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနများကို ကြည့်ရှုစစ်ဆေးသည်။
Apr 19, 2022
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများအပေါ် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
Apr 19, 2022
လူမှုကွန်ရက် မီဒီယာများတွင်ပျံ့နှံ့နေသော “သီလဝါဆီသိုလှောင်ကန်စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်” ဆိုသည့် ကောလာဟလ သတင်းအမှားများ ထွက်ပေါ် နေတာတွေ့ရှိရပါတယ်။ ယနေ့ သီလဝါသိုလှောင်ကန်စခန်းများ အပါအဝင် ပြည်တွင်း ဆီလက်ကျန် အခြေအနေမှာ ဓာတ်ဆီအနေနဲ့ ဂါလန်သန်းပေါင်း (၄၅) သန်းခန့်နဲ့ ဒီဇယ်ဆီ ဂါလန်သန်းပေါင်း (၇၀) သန်းခန့် ရှိပါတယ်။
Apr 19, 2022
နွေရာသီကျောင်းပိတ်ရက် ကာလများတွင် ကျောင်းသား ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အလုံတပ်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအတွက်ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် ကွန်ပျူတာ အခြေခံသင်တန်း၊ အင်္ဂလိပ်စကားပြော အခြေခံသင်တန်းနှင့်ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် သင်တန်းသား ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
Apr 19, 2022
မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ပြင်ဦးလွင်မြို့ သာယာလှပရေး ဆောင်ရွက် ထားရှိမှုနှင့် ကန်တော်ကြီးအတွင်း ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးရန် ယနေ့ညနေပိုင်းက ရေသွင်း မြောင်းအမှတ်(၂) နေရာ သို့ ရောက်ရှိသည်။
Apr 19, 2022
မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Peace and Development) တို့ ပူးပေါင်း၍ ပြည်သူ့စာကြည့်တိုက်များသို့ ကွန်ပျူတာနှင့် ပရင်တာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။