Skip to main content

Apr 29, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ မအူတော ကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာရှိ ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ စမ်းသပ်လည်ပတ်လျက်ရှိသော ဆန်စက်သို့ ရောက်ရှိပြီး ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ စက်ရုံတာဝန်ခံများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈)ကြိမ်မြောက် မိတ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်းအစည်းအဝေး (8th Partnership Meeting) ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ Wyndham Grand Hotel ၌ hybrid system ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2022

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့ညနေပိုင်းတွင် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပညာရေးဘွဲ့ စာပေးစာယူ အမှတ်စဉ်(၃၇) ဒုတိယနှစ်နှင့် အမှတ်စဉ် (၃၈)ပထမနှစ် သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံပွဲကို ရန်ကုန်မြို့ ရန်ကုန် ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2022

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသော “တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လအလိုက်ရာသီ ပွဲတော်များ၊ ပြပွဲ/ ပြိုင်ပွဲများ၊ အခမ်းအနားများကျင်းပခြင်းနှင့် စပ်လျဉ်း၍ နှစ်ပတ်လည် အစီအစဉ်များ ရေးဆွဲရေးဆိုင်ရာ” အစည်းအဝေးသို့တက်ရောက်သည်။ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသော “တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လအလိုက်ရာသီ ပွဲတော်များ၊ ပြပွဲ/ ပြိုင်ပွဲများ၊ အခမ်းအနားများကျင်းပခြင်းနှင့် စပ်လျဉ်း၍ နှစ်ပတ်လည် အစီအစဉ်များ ရေးဆွဲရေးဆိုင်ရာ” အစည်းအဝေးသို့တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2022

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2022

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားစီမံရေးဦးစီးဌာနနှင့် Natural Current Energy Hydropower Co., Ltd တို့အကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နမ္မတူမြစ်ပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2022

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး(တာဝန်ခံ) ညွှန်ကြားရေးမှူးများ၏ ညှိနှိုင်းဆွေးနွေးပွဲ(၁/၂၀၂၂)ကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(နေပြည်တော်) စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2022

တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေး အမှတ်စဉ် ၂/၂၀၂၂ ကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Cluster–1, တိုက်အမှတ် (၆)ရှိ တရားလွှတ်တော်ရှေ့နေများ ကောင်စီရုံးတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 29, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၆ ရက်တွင် မကွေးတိုင်း‌ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦး‌ဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင် အောင်လံမြို့နယ်အတွင်း တရားမဝင် ပျဉ်းကတိုးခွဲသား (၇ ဒသမ ၂၉၃၂) တန်၊ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၃၆၄၆၆၀၀) ကို သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကာ မင်းဘူးမြို့နယ် ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ ရေနံမြေအတွင်း တရားမဝင် ရေနံစိမ်း ၁၀ ဂါလန်ခန့်ပါ အိတ် (၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၉၁၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မင်းဘူးမြို့မရဲစခန်းသို့ လွှဲပြောင်း၍ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်