Skip to main content

May 09, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုံနှိပ်သူ၊ ထုတ်ဝေသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2022

​​​​​​​သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျွန်ုပ်တို့သည် သဘာဝတရားနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲစွာ နေထိုင်ရန်လိုအပ်ကြောင်း၊ မူဝါဒများနှင့် တစ်ဦးချင်းစီ၏ ပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်မည့် နည်းလမ်းရွေးချယ်မှု များမှတစ်ဆင့် ပိုမိုစိမ်းလန်းသော နေထိုင်မှုပုံစံသို့ အသွင်ကူးပြောင်း နိုင်ရေးအတွက် ဖြစ်နိုင်သမျှ ဆောင်ရွက်သွားရန်နှင့် ရေရှည် တည်တံ့စွာ နေထိုင်နိုင်စေရေးအတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ၊ သဘာဝနှင့် လိုက်လျောညီထွေနေထိုင် ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာဆောင်ရွက်ချက်များတွင် လူသားတိုင်း ပါဝင်ဆောင်ရွက်ကြစေလို ကြောင်း ယခုနှစ်ဆောင်ပုဒ်မှ တိုက်တွန်းထားပါသည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2022

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ယနေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ” သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ပို့ပလဲယား၏ အနောက်ဘက် ရေမိုင် ၂၇၀ခန့်၊ ဗီဆာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၄၅၀ ခန့်၊ ပူရီမြို့၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၄၈၅ မိုင်ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၃၀ ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၄၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေသည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2022

မရမ်းကုန်းမြို့နယ် ကမ္ဘာအေး မြေတွင် တည်ထားကိုးကွယ်လျက် ရှိသော ဆဋ္ဌသင်္ဂါယနာသာသနာ့ သမိုင်းဝင် သီရိမင်္ဂလာစေတီ တော်၌ လုံးတော်ပြည့် မျက်ပါး ရွှေသင်္ကန်း ကပ်လှူမှုလုပ်ငန်း နှင့် ကြာမှောက်ကြာလန်တို့တွင် ရွှေစင်ရွှေသားရွှေပြား သင်္ကန်း တော်များ ကပ်လှူပူဇော်မှုလုပ်ငန်း ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ အားလုံး ပြီးစီးအောင်မြင်ပြီး ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2022

ကောင်းသောစိတ်နှလုံးနှင့်ယှဉ်ပါက မကောင်းသောစိတ်နှလုံးတို့သည် ရှုံးနိမ့်စမြဲ ဖြစ်သည်။ တစ်နည်းဆိုလျှင် စိတ်ထားကောင်း၊ စိတ်ကောင်းထားလျှင် မည်သို့ပင် အခက်အခဲရှိသော်လည်း တစ်နေ့တွင် ကောင်းသောအကျိုးရလဒ်များကို ရရှိနိုင်ပေသည်။ ထို့ကြောင့် မည်သူတရားပျက်ပျက် ကိုယ်မပျက်ဘဲ ကောင်းသောစိတ်ထားဖြင့် မိမိအလုပ်ကိုမိမိ အကောင်းဆုံးဖြစ်အောင်သာ ကြိုးပမ်း လုပ်ကိုင်သွားပါလျှင် အကျိုးပေးအချိန်တန် အမှန်ရရှိနိုင်မည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 09, 2022

​​​​​​​အခွင့်အရေးဟူသည် တရားသဖြင့် ရသင့်ရထိုက်သော အကျိုးခံစားခွင့်ဖြစ်ပြီး လူ့အဖွဲ့အစည်း အတွင်းရှိ လူတစ်ဦးချင်းစီအား ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံအကြောင်းတရားလည်း ဖြစ်သည်။ အခွင့်အရေးနှင့်အတူ တာဝန်ဝတ္တရားကလည်း ယှဉ်တွဲလျက်ရှိ နေရာ အခွင့်အရေးတစ်ရပ်ကို ရယူသုံးစွဲပါက ယင်းနှင့်အတူ ရှိနေ သည့် တာဝန်ကိုလည်း ထမ်းဆောင်ကြရမည်ဖြစ်သည်။ ဒီမို ကရေစီစနစ်တွင် နိုင်ငံသားများအတွက် အခွင့်အရေးများစွာတို့ကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရေး အတွက် ပြဋ္ဌာန်းထားရာ ယင်းအခွင့် အရေးများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ကျင့်သုံးကြရမည်ဖြစ် သကဲ့သို့ပင် နိုင်ငံနှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် ဆောင်ရွက်နိုင်မှ နိုင်ငံသားကောင်းတာဝန် ကျေပွန်ကြမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 08, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်း ချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 08, 2022

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက ပခုက္ကူကျမ်းစာပေ ပထမဆုရ ဦးစိန်လှိုင်(မဟာဝိဇ္ဇာ) ရေးသားသည့် “စာမရီ” စာအုပ်ကို ၂၀၂၂ ခုနှစ် မေလ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးများမှတစ်ဆင့် လည်းကောင်း၊ စာတိုက်မှတစ်ဆင့် လည်းကောင်း ပေးပို့လျက်ရှိသည်။ 

ဆက်လက်ဖတ်ရှုရန်

May 08, 2022

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဇွန် ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ကျွန်ုပ်တို့သည် သဘာဝတရားနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲစွာ နေထိုင်ရန်လိုအပ်ကြောင်း၊ မူဝါဒများနှင့် တစ်ဦးချင်းစီ၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်မည့် နည်းလမ်း ရွေးချယ်မှုများမှတစ်ဆင့် ပိုမိုစိမ်းလန်းသော နေထိုင်မှုပုံစံသို့ အသွင်ကူးပြောင်း နိုင်ရေးအတွက် ဖြစ်နိုင်သမျှ ဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့စွာ နေထိုင်နိုင်စေရေးအတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ သဘာဝနှင့် လိုက်လျောညီထွေ နေထိုင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် လူသားတိုင်း ပါဝင်ဆောင်ရွက် ကြစေလိုကြောင်း ယခုနှစ်ဆောင်ပုဒ်မှ တိုက်တွန်းထားသည်။

ဆက်လက်ဖတ်ရှုရန်

May 08, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ-တွံတေးလမ်းပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှု၊ တွံတေးတူးမြောင်းကို ဖြတ်ကျော်၍ တွံတေး-မအူပင်လမ်းနှင့် ချိတ်ဆက်နိုင်မည့် လမ်း/ တံတားအခြေအနေနှင့် တွံတေး-မအူပင်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်