May 06, 2022
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်တာဝန် ထမ်းဆောင်နေကြသည့်နိုင်ငံ့ ဝန်ထမ်းများ အချင်းချင်းအကြား လေ့လာမှတ်သားထားရှိချက် များအားမျှဝေဖလှယ်နိုင်ရန်၊ နည်းပညာနှင့် အတွေးအခေါ် အသစ်အဆန်းများဖော်ထုတ်နိုင်ကြစေရန်၊ ကဏ္ဍအလိုက် ခေါင်းစဉ်များသတ်မှတ်၍ လစဉ် ပထမပတ်၏ ဗုဒ္ဓဟူးနေ့တိုင်း နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ စကားဝိုင်း ဆွေးနွေးပွဲများကျင်းပခဲ့ရာ ယမန်နေ့ကျင်းပသည့် နဝမအကြိမ် စကားဝိုင်း ဆွေးနွေးပွဲတွင် “ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာပညာရှင်ဝန်ထမ်း များက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
May 06, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေး ဟိဒဲအို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
May 06, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ် သော ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့(ပဉ္စမနေ့) နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၆၃ ဌာန တို့တွင် စာဖြေသံဃာတော်နှင့်သီလရှင်များ စာရင်းသွင်း ၁၁၆၄၇ ပါး အနက် ၈၄၆၁ ပါး ဖြေဆိုကြသဖြင့် ၇၂ ဒသမ ၆၅ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
May 06, 2022
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် စာအုပ်အသင်းကပခုက္ကူကျမ်းစာပေ၊ပထမဆုရ “ဦးစိန်လှိုင်(မဟာဝိဇ္ဇာ)”ရေးသားသည့် “စာမရီ” စာအုပ်ကို ၂၀၂၂ ခုနှစ် မေလအသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ် အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်း ဝင်များသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ရုံးများမှ တစ်ဆင့်လည်းကောင်း၊ စာတိုက်မှတစ်ဆင့်လည်းကောင်း ပေးပို့လျက်ရှိပါသည်။
May 06, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
May 06, 2022
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကိုကိုးကျွန်းမြို့ရှိ ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူ၂၈၅ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
May 06, 2022
(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲအကြိုအလုပ်ရုံဆွေးနွေးပွဲ (Pre-conference Workshop)ကို ယနေ့နံနက်ပိုင်း တွင်ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၌ ကျင်းပသည်။
May 06, 2022
ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များဆက်ကပ် လှူဒါန်းလျက်ရှိသည်
May 06, 2022
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မေ ၂ ရက်တွင်ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သောပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ကုတ် မြို့နယ်နှင့် သံတွဲမြို့နယ်များအတွင်း တရားမဝင် သစ်မျိုးစုံ ၆၇ဒသမ၄၄၅၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၃၃၃၂၂၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီအရေးယူဆောင်ရွက် လျက်ရှိသည်။
May 06, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။