Skip to main content

May 20, 2022

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသည့် နယ်လှည့်အထူးကုဆေး အဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)သည် ယနေ့တွင် ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျွန်းရှိ ဘိုးဘွားရိပ်သာ၌ ဒေသခံဆလုံလူမျိုးများနှင့် တပ်မတော်သား မိသားစုဝင် စုစုပေါင်း ၃၁၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း၊ စီမံခန့်ခွဲမှုလုပ်ငန်း ဆောင်ရွက်ရာ၌ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနှင့် ကာကွယ်ဆေးဖြန့်ဝေသုံးစွဲမှုများကို ဆန်းစစ်ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းများ ထုတ်ပေးခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာတွင် အီလက်ထရွန်နစ် သတင်းအချက်အလက်စနစ်ဖြစ်သည့် Vaccination Management Information System-VMIS စနစ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှီးနွှယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းကူညီမှုဖြင့် အသုံးပြုဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအားတွေ့ဆုံကာ လုံခြုံရေးဂရုစိုက်ရန်၊ ထုတ်လွှင့်မှုမပြတ်တောက်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း မြို့မဈေးအနီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်၏ လူမှုရေးဦးတည်ချက်သုံးရပ်တွင် တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဟူသည့် လူမှုရေးဦးတည်ချက်ပါရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2022

နိုင်ငံတော်၏မြို့တော် နေပြည်တော်ကောင်စီနယ်မြေကို မြန်မာနိုင်ငံ၏ အချက်အချာဒေသတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ နေပြည်တော်ကိုဗဟိုပြု၍ အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာတို့ သွားလာရန် လျင်မြန်လွယ်ကူသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ရေမြေအခြေခံကောင်းများရှိပြီး ရေအားလျှပ်စစ်ထုတ်လုပ်မှုနှင့် နီးကပ်လျက်ရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တည်ထောင်နိုင်ရန် လိုအပ်သောစွမ်းအင်ကိုလည်း လွယ်ကူစွာရရှိနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်