May 21, 2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန် သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မေ (၁) ရက်မှ (၂၁)ရက် အတွင်းကုမ္ပဏီ (၁၁) ခု၊ ယာဉ်စီးရေ (၁၅) စီးဖြင့် PPE ဝတ်စုံ (၁၂၃၀၀၀) နှင့် နှာခေါင်းစည်း (Mask) (၉၀ ဒသမ ၇၄) တန် တင်သွင်းခဲ့ကြောင်း သိရသည်။
May 21, 2022
စိုက်ပျိုးရေးဘွဲ့ရများအသင်း (AUAA)က ဦးဆောင်ကျင်းပသော (၂၃) ကြိမ်မြောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အငြိမ်းစားဆရာကြီး၊ဆရာမကြီးများ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမတွင်လည်းကောင်း၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမများတွင်လည်းကောင်း၊ တစ်ပြိုင်တည်းကျင်းပသည်။
May 21, 2022
ပြန်ကြားရေးဝန်ကြီးဌာနက မင်္ဂလာလူငယ်ဖွံဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လယ်စာအလှူငွေနှင့် စာအုပ်စာစောင်များလှူဒါန်းပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့ ဘုရားကြီးစံပြကျေးရွာရှိ အဆိုပါလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ ကျင်းပပြုလုပ်သည်။
May 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြား သည်။
May 21, 2022
ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ရွှံ့ကဏန်း မျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ရေချမ်းပြင်ကျေးရွာ ကြွီတဲချောင်းကမ်းနံဘေး၌ ပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြသည်။
May 21, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အဦ ဟောင်းနေရာတွင် မြန်မာသမိုင်းအဖွဲ့ ရုံးခန်းများနှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အတွက် ပြင်ဆင် မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကင်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်း သီရိမင်္ဂလာရိပ်သာလမ်းသွယ်ရှိ သမိုင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပညာဆောင်၌ ကျင်းပပြုလုပ် သည်။
May 21, 2022
ကမ္ဘာ့ပျားနေ့ (World Bee Day) အထိမ်းအမှတ်အခမ်းအနားကို မေ ၂၀ ရက်က ကျင်းပသည်။ ထိုကမ္ဘာ့ပျားနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပျားဘုရင်မ သားလောင်းကော်စွမ်းရည်ပြိုင်ပွဲ ကို ကျင်းပခဲ့သည်။ အဆိုပါ ပျားဘုရင်မ သားလောင်းကော်စွမ်းရည်ပြိုင်ပွဲကျင်းပခြင်း၊ မြန်မာ နိုင်ငံ၏ ပျားရည်ထွက်ရှိနေမှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
May 21, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ဦးစီးကျင်းပ သည့် ကမ္ဘာ့ပျားနေ့ (World Bee Day)အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ပျဉ်းမနားမြို့နယ် တာဝန်ခံရုံး၌ ကျင်းပသည်။
May 21, 2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 21, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။