Skip to main content

May 22, 2022

မြန်မာနိုင်ငံ၏ ဆယ့်နှစ်လရာသီတွင် တန်ခူး-ကဆုန်လသည် ဆွေ့ဆွေ့ခုန်လောက်အောင် ပူပြင်းသောကာလဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် အေးချမ်းသာယာသည့်သဘောကို ဆောင်သောအားဖြင့် ကဆုန်လပြည့်နေ့မှစတင်၍ အပူချိန်လျော့နည်းကျဆင်းလာသည်ကိုတွေ့ရသည်။ အကြောင်းရင်းမှာ အနောက်တောင်မုတ်သုံလေသည် ပုံမှန်ထက်စောစွာ ဝင်ရောက်ခဲ့သောကြောင့် မိုးဦးစောပြီး အပူလျော့ရန်အကြောင်းဖြစ်လာသည်။

ဆက်လက်ဖတ်ရှုရန်

May 22, 2022

ယခုကာလသည် ရာသီဥတုထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းနှင့် ၎င်း၏အကျိုးဆက်ဖြစ်သော သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာနိုင်သည့်အချိန်ကာလဖြစ်ရာ မိုးလေဝသနှင့်ဇလဗေဒဌာနမှထုတ်ပြန်ပေးလျက်ရှိသည့် မိုးလေဝသကြေညာချက်များနှင့်သတိပေးချက်များကို အထူးဂရုပြုကြရမည့်အချိန်အခါဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2022

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ အိမ်ယာကြီးကျေးရွာ၌ မဟာဓါတ်အားလိုင်း ပြင်ပအမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့်ဆိုလာအသေးစားဓါတ်အားပေးစနစ်မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2022

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းပရိဝုဏ်၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2022

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန် သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မေ (၁) ရက်မှ (၂၁)ရက် အတွင်းကုမ္ပဏီ (၁၁) ခု၊ ယာဉ်စီးရေ (၁၅) စီးဖြင့် PPE ဝတ်စုံ (၁၂၃၀၀၀) နှင့် နှာခေါင်းစည်း (Mask) (၉၀ ဒသမ ၇၄) တန် တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2022

စိုက်ပျိုးရေးဘွဲ့ရများအသင်း (AUAA)က ဦးဆောင်ကျင်းပသော (၂၃) ကြိမ်မြောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အငြိမ်းစားဆရာကြီး၊ဆရာမကြီးများ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမတွင်လည်းကောင်း၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမများတွင်လည်းကောင်း၊ တစ်ပြိုင်တည်းကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2022

ပြန်ကြားရေးဝန်ကြီးဌာနက မင်္ဂလာလူငယ်ဖွံဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လယ်စာအလှူငွေနှင့် စာအုပ်စာစောင်များလှူဒါန်းပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့ ဘုရားကြီးစံပြကျေးရွာရှိ အဆိုပါလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြား သည်။

ဆက်လက်ဖတ်ရှုရန်