Skip to main content

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံမှူးများအား ရှင်းလင်းပြသ

နေပြည်တော် မတ် ၂၇

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေ များကို (၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြသည့် မြန်မာနိုင်ငံဆိုင်ရာ  နိုင်ငံခြားစစ်သံမှူးများအား ယနေ့မွန်းလွဲ ၁ နာရီခန့် တွင် နေပြည်တော်ရှိGrand Amara Hotelရှိဧည့်ခန်းမဆောင်၌ တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြသည်။

ထိုသို့ ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများ၊ မဲလိမ်မဲခိုးမှုများကြောင့် နိုင်ငံတော်၏ တာဝန်ကို ရယူထိန်းသိမ်းခဲ့ရသည့်အခြေအနေများ၊ တပ်မတော်အနေဖြင့် မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းပေးရန်၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ စေ့စပ်ညှိနှိုင်းအဖြေရှာနိုင်ရေး တောင်းဆိုခဲ့သော် လည်း လျစ်လျူရှုခဲ့ပြီး ယခုအခြေအနေသို့ ရောက်ရှိမှသာလျှင် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် ပြောဆိုလျက်ရှိသည့် အခြေအနေများ၊ နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ငြိမ်းချမ်းစွာဆန္ဒပြမှုအသွင်မှ အကြမ်းဖက်ဆူပူမှုအသွင်(Riot)၊ ယင်းမှ မင်းမဲ့စရိုက် ဆန်သောလူအုပ်စု(Anarchy Mob) အသွင်၊ ထိုမှ တစ်ဆင့် လက်နက်ကိုင်အကြမ်းဖက်သည့်အသွင် (Insurrection) အဆင့်သို့ ကူးပြောင်းလာသည့် အခြေအနေများ၊ မင်းမဲ့စရိုက်အသွင် လက်နက်ကိုင် အကြမ်းဖက်မှုများပြုလုပ်ခဲ့ရာတွင် ပြည်သူပိုင်ရုံးများ၊ ရဲစခန်းများ၊ စာသင်ကျောင်းများ၊ စက်ရုံအလုပ်ရုံတို့ အား မီးရှို့ဖျက်ဆီးခဲ့မှုနှင့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့မှု စသည့် မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့်အခြေ အနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉) ရပ် ချမှတ်၍ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို နိုင်ငံတကာမှ သိရှိစေရန် Power point Presentation ap:Geopo$i374p:sarqjus တဝင့်ရှင်းလင်းပြောကြားကြပြီးတက်ရောက်လာကြသည့် စစ်သံမှူးများက သိရှိလိုသည်များအား မေးမြန်း ကြသည်။

ထို့နောက် ခင်းကျင်းပြသထားသော သိမ်းဆည်းရမိသည့် ဆူပူအကြမ်းဖက်လှုပ်ရှားမှုများတွင် အသုံးပြုသော ဒေသန္တရလက်နက် ကိရိယာပစ္စည်းများအား တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်