Mar 05, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 05, 2025
နည်းပညာဆိုင်ရာများကို ကျောင်းသားကျောင်းသားများ သင်ကြားသင်ယူရာတွင် ပိုမိုအထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် သက်မွေးပညာသင်ကျောင်းများသို့ လျှပ်စစ်ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပစ္စည်းများဖြစ်သည့် ရေဒီယိုပစ္စည်း ၇၅ စုံ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသည်။
Mar 05, 2025
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး အား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ် တင်လှူပူဇော်ခြင်းနှင့် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက်ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ အဂ္ဂမဟာဘိဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 05, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။
Mar 05, 2025
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်းနှင့်အတူ ယနေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တောင် ဥက္ကလာပမြို့နယ်ပဒေသာ အားကစားကွင်းသို့ရောက်ရှိပြီး တိုင်းရုံးနှစ်ထပ် (၈၁ ပေ x ၅၇ ပေ x ၂၃ ပေ) တည်ဆောက်နေမှု၊ ရန်ကုန်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ အားကစားခန်းမ၌ အားကစားသမားများ လေ့ကျင့်နေမှုကိုကြည့်ရှု၍ အားပေးစကား ပြောကြားသည်။
Mar 05, 2025
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် မြန်မာနိုင်ငံ စာရင်းကောင်စီက ကြီးမှူးဖွင့်လှစ်သည့် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ် (၄၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးနဝရတ်ခန်းမ၌ ကျင်းပသည်။
Mar 05, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ဗထူးတပ်နယ်ရိပ်သာတွင် တပ်နယ်မှတာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပင်းတယမြို့နှင့် ဗထူး၊ ရပ်စောက်မြို့ ပတ်ဝန်းကျင် အထူးစိမ်းလန်းစိုပြည်ရေး သစ်တောစိုက်ခင်းများ တည်ထောင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
Mar 05, 2025
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 05, 2025
ထိုင်းအစိုးရက ဖမ်းဆီးထားသော မြန်မာနိုင်ငံသား ၂၀၀ ကို စစ်ကောင်စီထံသို့လွှဲပြောင်းပေးပြီး အမျိုးသားများကို စစ်မှုထမ်းတပ်သားများအဖြစ် စစ်ကောင်စီက စုဆောင်းနေ ခေါင်းစဉ်ဖြင့် Khit Thit Media အမည်ခံ Facebook Page က ဖေဖော်ဝါရီ ၂၅ ရက်က ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသားဖြန့်ဝေထားသည်။
Mar 05, 2025
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး၌ မတ် ၃ ရက် နံနက်က ကျင်းပသည်။
Mar 05, 2025
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်နှင့် မန္တလေးမြို့သို့ ဆက်သွယ်ထားသည့် ရတနာပုံမြစ်ကူးတံတားအနီးတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း အများပြည်သူ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Mar 05, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Mar 05, 2025
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့ တာလော့ရပ်ကွက် ကမ်းနားလမ်းနှင့် အောင်ဇေယျလမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူ အိုက်လျှဲန်းကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူဘလောက်တုံး ၃ ဒသမ ၄ ကီလို (တစ်ကီလိုလျှင် ကျပ်သိန်း ၁၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ သိန်း ၅၁၀) နှင့် စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၄၈၀ (တစ်ပြားလျှင် ၄၀၀၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၉၂ သိန်း) ကိုလည်းကောင်း။
Mar 05, 2025
ရေကြည်မြို့နယ် ကုန်းပြင်ရဲစခန်းမှ ဖမ်းဆီးနှိပ်စက်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၂၆ ရက်က Ayeyarwaddy Times အမည်ရှိ Facebook Page တွင် ပြည်သူလူထုထင်ယောင်ထင်မှားဖြစ်စေရန် မဟုတ်မမှန် လုပ်ကြံသတင်းရေးသား ဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။
Mar 05, 2025
ပဲခူးမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့၌ ငွေကျပ် ၂၅ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ကီလို ၇၀၀ နှင့် ဘိန်းဖြူဘလောက်တုံး ၄၈၀၊ အလေးချိန် ၁၆၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Mar 05, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့်ထားဝယ်မြို့တို့၌ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ ဖွင့်လှစ်ထားရှိပြီး စက်ချုပ်သင်တန်းများ၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်းများကို အပတ်စဉ်တစ်ခုလျှင် ရက်သတ္တခြောက်ပတ်ဖြင့် သင်ကြားပေးလျက်ရှိသည်။
Mar 05, 2025
ရာဂီမုန်တိုင်းအရှိန်ဖြင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ပြန်လည်လုပ်ကိုင်နိုင်ကြစေရန် မွေးမြူရေးတိရစ္ဆာန်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်၌ ကျင်းပသည်။
Mar 05, 2025
ပညာရေးဝန်ကြီးဌာန (၂၄) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကို ရန်ကုန်တက္ကသိုလ်၌ကျင်းပ၍ သုတေသနစာတမ်းများကို ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် ရန်ကုန်ပညာရေး တက္ကသိုလ်တို့၌ မတ် ၉ ရက်မှ ၁၁ ရက်အထိ ဖတ်ကြားသွားမည်ဖြစ်သည်။
Mar 05, 2025
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Mar 05, 2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက် မအူတောကျေးရွာအုပ်စုနှင့် သက်နှင်းအင်းကျေးရွာအုပ်စုတို့တွင် စက်မှုလယ်ယာစနစ်ကျ လယ်မြေဧက ၂၆၀ ဒသမ ၇၀ ဖော်ထုတ်ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေနှင့် စိုက်ပျိုးရေပေးဝေနေမှုများ၊ နွေစပါးကို မျိုးစေ့ချကိရိယာ (Seeder)နှင့် ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။