Mar 03, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝန်ထမ်းများ၏တင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးက ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုသည့် သင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်ရန်၊ နည်းပညာရည်ပြည့်ဝပြီး ကျင့်ဝတ်၊ စည်းကမ်းများကို လေးစားလိုက်နာသည့် လူငယ်ပညာရှင်များပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားပြီး ယာယီနေထိုင်လျက်ရှိသည့် ဝန်ထမ်းများအား ထောက်ပံ့ငွေများကို ပေးအပ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများ၌ သုတေသနပရောဂျက်များ ဆောင်ရွက်လျက်ရှိသည့် ကျောင်းသားများကို ကြည့်ရှုအားပေးပြီး ဒေသတွင်း MSME များ ဖွံ့ဖြိုးရေး အတွက် အဓိကစွမ်းအားစုများအဖြစ် ပါဝင်ဆောင်ရွက်နိုင်သော နည်းပညာရှင်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
Mar 03, 2025
(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ ကျင်းပလျက်ရှိသည့် “မျိုးစေ့ပြပွဲ ၂၀၂၅” (Seed Fair 2025) ဒုတိယနေ့ကို ယနေ့တွင် ဆက်လက်ကျင်းပရာပြပွဲတွင် စိုက်ပျိုးရေးပညာရှင်များက ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာရပ်များကို ရှင်းလင်းဆွေးနွေးပြီး မျိုးဝါစေ့မှ အမွေးများကို အက်စစ်ဖြင့် ချွတ်ခြင်းလုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို လက်တွေ့ပြသသည်။
Mar 03, 2025
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသရှိ စတုရဋ္ဌသုမင်္ဂလ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ အမှူးပြု၍ တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 03, 2025
လယ်ဝေးမြို့ သမိုင်းဝင်ဖောင်တော်ချက်မစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း စတင်ကပ်လှူခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် စေတီတော်မြတ်ကြီး၏ဓမ္မာရုံ၌ကျင်းပရာ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒနှင့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။
Mar 03, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Mar 03, 2025
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Mar 03, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ရှိ စီလမ်းဆုံတိုးဂိတ်၊ တောင်ငူ မီနီတိုးဂိတ်၊ အုတ်တွင်းမီနီတိုးဂိတ်၊ ၁၁၅ မိုင် (ဖြူး) တိုးဂိတ်၊ ဒရယ်မီးမီနီတိုးဂိတ်၊ ဘောနတ်ကြီး မီနီတိုးဂိတ်၊ အမှတ် (၃) တိုးဂိတ်တို့၏ လမ်းအသုံးပြုခ ကောက်ခံနေမှုကို ကြည့်ရှုစစ်ဆေးသည်။
Mar 03, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့်အတူ ရန်ကုန်မြို့ ဗဟန်းမြို့နယ် သာသနာ့ရိပ်သာလမ်းရှိ ဖလင်မော်ကွန်းတိုက်ရှိ ရုပ်ရှင်ဇာတ်ကားများအား ဖလင်မှဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ကမ္ဘာအေးစေတီလမ်းနှင့် အုတ်ပုံဆိပ်လမ်းထောင့်ရှိ အမျိုးသားဖလင်မော်ကွန်းပြတိုက် တည်ဆောက်ရန်လျာထားသည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
Mar 03, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ အမှတ် (၂) စက်မှုသင်တန်းကျောင်းသို့ ရောက်ရှိစစ်ဆေးသည်။
Mar 03, 2025
(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ယနေ့နံနက်ပိုင်းကကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 03, 2025
သဗ္ဗညုဘုရားရှင်သည် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အား ၄၅ ဝါပတ်လုံး ဟောကြားတော်မူအပ်သော အဆုံးအမသြဝါဒခေါ် သာသနာတော်မြတ်ကြီးသည် အစ၏ကောင်းခြင်း အာဒိကလျာဏဂုဏ်၊ အလယ်၏ကောင်းခြင်း မဇ္ဈေကလျာဏဂုဏ်၊ အဆုံး၏ကောင်းခြင်း ပရိယောသာန ကလျာဏဂုဏ် (၃) ပါးတို့နှင့် ပြည့်စုံတော်မူသောကြောင့် အလုံးစုံပြည့်စုံခြင်း ကေဝလပရိပုဏ္ဏဂုဏ်၊ အလုံးစုံထက်ဝန်း ကျင်စင်ကြယ်ခြင်း ကေဝလပရိသုဒ္ဓဂုဏ်များရှိတော်မူပါသည်ဘုရား။ ထိုကျေးဇူးဂုဏ်ထူးများ ရှိတော်မူသော အဆုံးအမသြဝါဒခေါ် သာသနာတော်မြတ်ကြီးနှင့်ပတ်သက်၍ တပည့်တော်တို့ သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်တို့သည် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ပထမအကြိမ်သက်တမ်းမှ အဋ္ဌမအကြိမ် သက်တမ်းတိုင်အောင် ဆောင်ရွက်ခဲ့ပြီး ၄၅ နှစ်ခရီးစဉ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်ကို သံဃာ့အဖွဲ့အစည်းဝင် အရှင်မြတ်များအားလုံး သိရှိတော်မူကြပြီးဖြစ်ပါသည်ဘုရား။ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆောင်ရွက်ချက်များမှာလည်း အဆုံးအမသြဝါဒခေါ် သာသနာတော်မြတ်တည်းဟူသော ဓမ္မဝိနယများနှင့် ညီညွတ်သည်သာမက ယင်းဓမ္မဝိနယတို့နှင့်အညီ ရေးဆွဲပြဋ္ဌာန်းထားသော သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း၊ ဝိနည်းဓမ္မကံဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်း၊ သံဃနာယကလက်စွဲ၊ ဝိနိစ္ဆယလက်စွဲ၊ ညွှန်ကြားလွှာစသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လာခဲ့ကြခြင်းဖြစ်ပါသည်ဘုရား။
Mar 03, 2025
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပသည်။
Mar 03, 2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်ရှိ Red Mountain ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုလေ့လာပြီး လိုအပ်သည်များကို မှာကြားသည်။
Mar 03, 2025
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် သာသနာတော် အထွန်းကားဆုံးနိုင်ငံဖြစ်သည်။ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် စိတ်ပါဝင်စားပြီး စွမ်းစွမ်းတမံထမ်းဆောင်နိုင်ကြသည့် ဗျတ္တ၊ ပဋိဗလပြည့်စုံသော ဆရာတော်များ အများအပြားရှိသည်။ ယခုအခါ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ခြောက်နှစ်သက်တမ်းပြည့်ပြီဖြစ်၍ ဆရာတော်ကြီးများ အစားထိုးရွေးချယ်ရာတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အထူးလျှောက်ထားခဲ့သည်။
Mar 03, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံရေးရာကိစ္စများကိုဆွေးနွေးခဲ့ရာ မြန်မာနှင့် ရုရှားတို့၏ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။
Mar 02, 2025
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာကျေးရွာရှိ ကယ်ဆယ်ရေးစခန်း၌ မတ်လ ၁ ရက် နံနက် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃ စီး၊ တပ်မတော်ရေသယ်ယာဉ် ၁ စီးတို့နှင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရှိရသည်။
Mar 02, 2025
မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်ပြီး တိုက်ဖျက်လျက်ရှိသည်။
Mar 02, 2025
သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ် ချီးမြှင့်