Skip to main content

Aug 20, 2020

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့သည် ယနေ့ ညနေပိုင်းတွင် သွားရောက်တွေ့ဆုံ၍ မွန်ပြည်နယ်မှ ကော်မရှင်သို့ ပေးပို့တိုင်ကြား လာသော တိုင်တန်းချက်ပါ အခြေအနေများ၊ ကော်မရှင်မှ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ တရားရုံးအချုပ်ခန်းနှင့် ဆေးရုံအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးမှု အခြေအနေ များ၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆောင်ရွက်နေမှုများကို ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2020

(၂၉)ကြိမ်မြောက် အာဆီယံအကောက်ခွန် ညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ရန်ကုန်မြို့မှ ပါဝင်၍ အာဆီယံအကောက်ခွန် သဘာပတိအဖြစ် ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2020

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) သို့ ၁၉၄၈ ခုနှစ် မေလ ၁၈ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး အဓမ္မခိုင်းစေမှုဆိုင်ရာ ILO ပြဋ္ဌာန်းချက် အမှတ်-၂၉ ကို ၁၉၅၅ ခုနှစ် မတ်လ ၁၈ ရက်တွင် လက်ခံကျင့်သုံးခဲ့၍ အဓမ္မခိုင်းစေမှု ပပျောက်ရေး အကောင်အထည် ဖော်ရာတွင် ILO နှင့် လက်မှတ်ရေးထိုးခဲ့သော ၂၀၀၂ ခုနှစ် နားလည်မှုစာချွန်လွှာ နှင့် ၂၀၀၇ ခုနှစ် နောက်ဆက်တွဲနားလည်မှုစာချွန်လွှာ (Supplementary Understanding-SU) တို့အရ အဓမ္မခိုင်းစေမှုများ တိုင်ကြားနိုင်သည့် တိုင်ကြားမှုယန္တရား ထူထောင်ပြီး အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို ၂၀၁၈ ခုနှစ် ထိ ILO နှင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2020

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး စတင်ကျင်းပနေပြီ ဖြစ်သည်။ အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ ငြိမ်းချမ်းရေးကို ဦးထိပ်ထားသည့် သန္နိဋ္ဌာန်စိတ်ဖြင့် ရှေ့သို့ဆက်လှမ်းနိုင်ရန် အားလုံးကြိုးပမ်းဆောင်ရွက်နေကြပြီ။ (၂၁)ရာစု ပင်လုံတွင် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆန့်ကျင်ခြင်းမရှိစေဘဲ ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့်ကို အားလုံးသဘောတူညီကြသည်။ ရှေ့မတိုး၊ နောက်မဆုတ် အနေအထားဖြင့် လိပ်ခဲတည်းလည်းဖြစ်ခဲ့ရသည့် တစ်ဆို့မှုများကိုလည်း ကျော်လွှားနိုင်ခဲ့သည်။ ဆက်လက်ဆွေးနွေးရဦးမည့် အချက်များနှင့်ပတ်သက်၍ မကြာမီကာလ တွင် ပြေလည်အောင်မြင်သွား လိမ့်မည်ဟု ရှုမြင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2020

ငြိမ်းချမ်းရေးသည် တောင့်တအပ်၏။ မြတ်နိုးတန်ဖိုးထားမှုလည်း ရှိအပ်၏။ သို့သော်လည်း နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော အခက်အခဲများ၊ စိန်ခေါ်မှုများကြားတွင် အကန့်အသတ် များဖြင့် တည်ဆောက်နေရသည်ဖြစ်ရာ မြန်မာနိုင်ငံအဖို့ အလွယ်တကူ ရောက်ရှိနိုင်သည့် ပန်းတိုင်တစ်ခု မဟုတ်ကဲ့သို့ ဖြစ်နေ၏။ အမှန်မှာ မရောက်နိုင်လောက် အောင် ဝေးကွာလှသော ပန်းတိုင်လည်း မဟုတ်ပါချေ။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC – 2)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

၁။ (၁၉-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၅၆၀) ခု၊ - ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၃၇) ခုနှင့် - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၀၈) ခု၊ - စုစုပေါင်း (၁,၀၀၅) ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ - • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦးတွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

(၂၈)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

Video Conferencing စနစ်ဖြင့် ကျင်းပမည့် (၄၁)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံသို့ ပါဝင်တက်ရောက်ရေးအတွက် မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် လွှတ်တော်ဝင်း၊ ဇမ္ဗူသီရိဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေး အထူးအစည်းအဝေးကို ယနေ့ မွန်းတည့် ၁၂ နာရီ က Video Conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ ပထမနေ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၀) ကို ယနေ့ နံနက်ပိုင်းတွင် ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် အတွင်း ရှိ မြို့နယ်အသီးသီးမှ ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ရှိစေရန် အတွက် မြေငှားဂရန် ထုတ်ပေးခြင်းများကို စီမံချက်များရေးဆွဲ ဆောင်ရွက်ပြီး မူဝါဒ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ပြည်သူများသို့ မြေငှားဂရန်များ ထုတ်ပေး ဆောင်ရွက်လျက် ရှိရာ လွိုင်ကော်မြို့၊  ထေးသမ ရပ်ကွက်နှင့်

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

တနင်္သာရီတိုင်းဒေသကြီး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီက ပုလောမြို့၊ မကျည်းကုန်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

နယ်စပ်ဒေသဖွံ့ဖြိုးရေး ကရင်ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း၊ သံလွင်မြစ်နှင့် ဒုံသမိမြစ်ကြားရှိကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလမ်းတံတားလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် (၁၈) ကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအကြားရှိ မလေးရှားပိုင်ရေပြင်သို့ပို့ဆောင်မည့် ငွေကျပ် ၃၁ ဒသမ ၇၄ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်အဖက်တမင်း) များအား ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့အနီးရေပြင်၌ ဩဂုတ် ၁၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉၊ ၂၀ နှင့် ၂၁ ရက်တို့ တွင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တက်ရောက်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသည် နေပြည်တော်၌ စုံညီစွာရောက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်