Skip to main content

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်စီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး Oxygen Station တစ်ခု တည်ဆောက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၇

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ပိုးတွေ့ လူနာများအတွက်လည်း အောက်စီဂျင်လိုအပ်ချက်များကို ပြည့်မီအောင် ပြည်တွင်းရှိစက်ရုံများမှ တိုးမြင့်ထုတ်လုတ်ခြင်း၊ ပြည်ပမှမှာယူတင်သွင်းခြင်း၊ စက်ရုံအသစ်များတိုးချဲ့တည်ဆောက်ခြင်း တို့ဖြင့်ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

ထိုသို့ Oxygen စက်ရုံများတိုးချဲ့တည်ဆောက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သီလဝါ၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ တစ်ရက်လျင် ၄၀ လီတာအိုး (၄၀၀) လုံး ထုတ်လုတ်နိုင်သည့် Oxygen Station တစ်ခုကို ဇူလိုင် ၁၆ ရက်နေ့မှ စတင်ကာ နေဆိုင်း၊ ညဆိုင်းခွဲ၍ ဩဂုတ်လ အလယ်တွင်ဆောက်လုပ်ပြီးစီးနိုင်ရေး တည်ဆောက်လျက်ရှိ ကြောင်းနှင့် Oxygen ထုတ်လုတ်မည့်နည်းစနစ်မှာ လေတုတဲရှိလေကို Air Compressor ဖြင့်စုတ်ယူပြီး Per-Purification Unit ကို ဖြတ်သန်းစီးဆင်းကာ လေတဲတွင်ပါလာသော ကာဗွန်ဒိုင် အောက်ဆိုဒ်နှင့်အခြားဓာတ်ငွေ့များဖယ်ရှာစစ်ထုတ်ပေးပြီး ကျန်ရှိသောအောက်ဆီဂျင်၊ နိုက်ထရိုဂျင်နှင့် အာဂွန်ဓာတ်ငွေ့များအား Fractionating Column သို့ပေးပို့ကာ ၎င်းမှ တဆင့် လိုအပ်သော Oxygen ဓာတ်ငွေ့များအား ထုတ်ပေးသောစနစ်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်