Skip to main content

မကွေးမြို့၌ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်

 

မကွေး ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ဇူလိုင် ၂၅ ရက် နံနက် ၈ နာရီတွင် မကွေးမြို့ ကမ်းနားလမ်း ညောင်ကိုးပင်ဆိပ်၌ နှစ်လက်မအရွယ် ငါးမြစ်ချင်းနှင့် ငါးခုံးမငါးသား ပေါက်ကောင်ရေ ငါးသိန်းမျိုးစိုက်ထည့် ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ငါးမျိုးစိုက်ထည့် ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးကျော်ကျော်လင်း လာရောက်ကြည့်ရှုအားပေး၍ ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။

ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ငါးမျိုးစိုက်ထည့် ခြင်း ကြီးကြပ် ကွပ်ကဲရေး ကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်စခန်း ငါးလုပ်ငန်း ဦးစီးဌာန ဝန်ထမ်းများ စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ငါးသားပေါက်များကို ပွင့်ဖြူငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်း ငါးသောင်း၊ ထိုင်းငါးခုံးမကြီး နှစ်သိန်းငါးသောင်း၊ တောင်တွင်းကြီး ငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်း တစ်သိန်း၊ ထိုင်းငါးခုံးမကြီး တစ်သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ငါးသိန်း ဧရာဝတီမြစ် အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဧရာဝတီမြစ်၊ ချောင်းနှင့် ဆည်တမံများအတွင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန် ချက်များနှင့်အညီ နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ၂၂ သိန်း မျိုးစိုက်ထည့် ရန် လျာထားဆောင်ရွက်လျက်ရှိသည်။

သတင်းစဉ်