Skip to main content

Aug 19, 2020

တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် အကအလှတို့ကို ရိုက်ကူးတင်ဆက်မည့် ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနိုင်ရေး အထောက်အကူပြု သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် (တပ်ကုန်း) ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

၁။ (၁၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

မြန်မာနိုင်ငံ၌ အရေးတကြီးလိုအပ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေး ရရှိရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲများသည် အထူးအရေးကြီးပါသည်။ အရေးတကြီးလိုအပ်နေသော ထိုအရေးကိစ္စများသည် နိုင်ငံရေးပြဿနာများ ဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းများတွင် အောင်မြင်စွာ အဖြေရှာကြမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသအဆင့် ဗဟိုကော်မတီက ပြည်သူသို့ ပန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။ အိမ်နီးချင်းနိုင်ငံအချို့၌ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ မြင့်တက်နေသည့် အခြေအနေ၊ အိမ်နီးချင်းနိုင်ငံအချို့နှင့် ကမ္ဘာ့နိုင်ငံကြီးအချို့တို့တွင် ရောဂါဒုတိယလှိုင်းဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ကြောင့် ခက်ခက်ခဲခဲ ပြန်လည်ထိန်းချုပ်နေရသည့် အခြေအနေတွင် မိမိတို့ပြည်သူများအကြား ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များကို လိုက်နာမှုအားနည်းနေခြင်းအပေါ် သတိပေးနှိုးဆော် တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

မြန်မာ-ယူကေ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (Myanmar-UK Partnership for Education) ဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (၂၀၂၀-၂၁) ကောက်ယူရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

၁။ (၁၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေး အထူးအစည်းအဝေးကျင်းပနိုင်ရေးအတွက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနနှင့် ကလေးနှင့်လူငယ်ဦးစီးဌာနတို့လက်အောက်ရှိ ဂေဟာများနှင့် လူငယ်သင်တန်းကျောင်းတို့တွင် လက်ခံစောင့်ရှောက်ထားသည့် မြန်မာနိုင်ငံသား (၃၆) ဦးအား ဩဂုတ် ၂၈ ရက်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၂) (မြဝတီ-မဲဆောက်) ၏ ထိုင်းနိုင်ငံဖက်တွင် လွှဲပြောင်းလက်ခံနိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

စိုက်ပျိုးရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော CERP Plan အရ မျိုးစေ့ထုတ်တောင်သူများအား နိုင်ငံတော်အစီအစဉ်ဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ငါးမွေးတောင်သူများထံ ငါးသားပေါက်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို သြဂုတ်လ ၁၆ ရက် နံနက် ၈နာရီခွဲက မြဝတီမြို့၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

Telecom International Myanmar Co.,Ltd.(Mytel) က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ E-Government စနစ်ဖော်ဆောင်ရန်အတွက် Computer, Internet & Video Conferencing System ဆက်စပ်ပစ္စည်းများ လွှဲပြောင်းလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၁)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်နှင့်အတူ ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူးကားလမ်း (၆၅/၄) မိုင်၏ မေခမြစ် (ရီဒမ်း) အရှေ့ဖက်ခြမ်း လမ်းဆက်လက်ဖောက်လုပ်နေမှု၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဩဂုတ် ၁၈ ရက် ၊ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ၂၀၂၀ ခုနှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသူအား လာရောက်တွေ့ဆုံပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါ - မလိခ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ကျေးရွာများဖွံ့ဖြိုး တိုးတက်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏အစီအစဉ်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးပံ့ပိုးကူညီရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

မဲအန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်း/ခရိုင် ကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးလှမိုးအောင် က “လာမည့်နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အခက်အခဲ တစ်စုံတစ်ရာမရှိစေဘဲ အောင်မြင်အောင် ဆောင်ရွက် ပေးစေလိုကြောင်း၊ ဒီလုပ်ငန်း အောင်မြင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှ လုပ်ငန်းများ အောင်မြင်မည် ဖြစ်ပါကြောင်း၊ သို့အတွက် အဖွဲ့အစည်းများ အားလုံးက လုပ်ငန်းအောင်မြင်ရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် ပေးကြရန် လိုကြောင်းနှင့် တိုင်းဒေသကြီး အစိုးရကလည်း လိုအပ်သည်များ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း” အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန် တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသာ အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် တတိယအကြိမ် ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့က ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသာ

ဆက်လက်ဖတ်ရှုရန်