Jun 10, 2021
အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မ ပြည်သူတွေကွဲပြား ကြဖို့လိုပါပြီနှင့် အခြားဆောင်းပါးများ စာအုပ်ကို သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက စီစဉ်ထုတ်ဝေ ဖြန့်ချိသည်။ ။
Jun 10, 2021
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း၌ မန္တလေးမြို့ဘက်မှ တနိုင်းမြို့သို့ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် အင်ဂျင်ဝိုင်ပေပါများ တင်ဆောင် ထွက်ခွာလာသည့် မော်တော်ယာဉ် တစ်စီးအား KIA အဖွဲ့က မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
Jun 10, 2021
နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်း ရေးကို မလိုလားသည့် ဆူပူအကြမ်းဖက်လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်း သိမ်း၍ လိုအပ်သလိုအရေးယူဆောင်ရွက်လျက်ရှိသည်။
Jun 10, 2021
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။
Jun 10, 2021
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် အကြမ်းဖက်လုပ်ဆောင်နေသူများ၊ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။
Jun 10, 2021
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် အကြမ်းဖက်လုပ်ဆောင်နေသူများ၊ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။
Jun 10, 2021
နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်ကြေညာထားသော CRPH အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ ဆောင်ရွက်လျက်ရှိသည်။
Jun 10, 2021
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၌ လက်နက်ကိုင်သောင်းကျန်းသူများ၏နယ်မြေအတွင်း ဖောက်ခွဲရေး သင်တန်းတက်ရောက်ခဲ့သည့် အမျိုးသား ၄ ဦးနှင့် သင်တန်းတက်ရောက်ရန် စေလွှတ်ပေးသူ ၂ ဦးတို့ အား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Jun 10, 2021
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 10, 2021
Jun 10, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီး ဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပသော ဓမ္မာစရိယစာမေးပွဲကို ယနေ့ မွန်းတည့်၁၂ နာရီမှ ညနေ ၄ နာရီအထိ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၉ ဌာနတို့၌ (နဝမနေ့)အဖြစ်လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၂၄၁ ဌာနတို့၌ (တတိယနေ့)အဖြစ်လည်းကောင်း ဖြေဆိုကြသည်။
Jun 10, 2021
ဖေ့စ်ဘွတ်သည် လူသားအချင်းချင်းတို့ လွယ်ကူချောမွေ့စွာ ထိတွေ့ဆက်ဆံရေးနှင့် လူသားအကျိုးပြုရန်အတွက် ထူထောင်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်အသုံးပြုသူများ တစ်နှစ်ထက်တစ်နှစ်တိုးပွားလျက်ရှိပြီး သန်းပေါင်း များစွာသော ပြည်သူများသည် နေ့စဉ်နှင့်အမျှ ဖေ့စ်ဘွတ်နှင့်အတူ ရှင်သန်နေထိုင် လျက်ရှိသည်။ ဖေ့စ်ဘွတ်ဆိုင်ရာ အချက်အလက်များစွာတို့နှင့်အတူ ကျင့်ဝတ်စံနှုန်း များကိုပါမျှဝေပေးထားသဖြင့် ဖေ့စ်ဘွတ်အသုံးပြုသူ အတော်များများ နားလည် သိရှိနေကြသည်။
Jun 10, 2021
မြန်မာ့ပင်လယ်ပြင်တွင် ယခုနှစ် ငါးမဖမ်းရ ရာသီကို မေ၊ ဇွန်၊ ဇူလိုင် သုံးလသတ်မှတ်ထားရာ ယခုကာလသည် ငါးဖမ်းရေယာဉ်များ ကမ်းခြေတွင် ဆိုက်ကပ်ရပ်နားနေရချိန်ဖြစ်ပြီး ပင်လယ်ပြင်၌မူ မျိုးငါးကြီး များများပေါက်ရန် ပြင်ဆင်လှုပ်ရှားနေကြချိန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းမှာ စုစုပေါင်းမိုင် ၁၂၀၀ ခန့် ရှည်လျားပြီး ရခိုင်၊ ဧရာဝတီနှင့် တနင်္သာရီဟူသော အပိုင်းသုံးပိုင်းတွင် ပင်လယ်ငါးဖမ်းလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ၂၀၁၃ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင်တိုင်းတာခဲ့သည့် စစ်တမ်းများအရ မြန်မာ့အဏ္ဏဝါ ရေပြင်၏ ငါးသယံဇာတကြွယ်ဝမှုအခြေအနေမှ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်ကနှင့် နှိုင်းယှဉ်လျှင် ရေပေါ်ငါးသယံဇာတသည် ၉၀ ရာခိုင်နှုန်း၊ ရေအောက်ငါးသယံဇာတသည် ၆၀ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ရာ လွန်စွာစိုးရိမ်ဖွယ်အခြေအနေပင်ဖြစ်သည်။
Jun 09, 2021
နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်းကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Jun 09, 2021
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၆ ရက်မှ ၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ ကျင်းပခဲ့သည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်အဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး အထူးလေယာဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
Jun 09, 2021
ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) (၁/၂၀၂၁) နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးကော်မတီ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။