Skip to main content

Apr 11, 2022

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီ တွင် မင်္ဂလာဒုံမြို့နယ် ပလရ ရပ်ကွက် ဗိုလ်ခြံမှတ်တိုင်အနီးရှိ ဆုတောင်းပြည့် ကပ်ကျော်ဘုရားနှင့် ထောက်ကြန့်လမ်းဆုံအကြား ပြည်လမ်းတစ်လျှောက် လမ်းသား များခြစ်၍ ကတ္တရာကွန်ကရစ် (AC) ထပ်ပိုးလွှာ ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ယာဉ်ရပ်နားကွင်းရှိ ရေကစားမဏ္ဍပ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံ ပြည်သူများ၊ အကျဉ်း သား၊ အကျဉ်းသူများ၊မသန်စွမ်း သူများ၊တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်၁၂နှစ်အထက် အခြေခံပညာ အလယ်တန်း နှင့်အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နှစ်နှစ်တိုင်တိုင် ကျင်းပခြင်း မရှိခဲ့သော်လည်း ယခုနှစ်တွင် ရန်ကုန်မြို့တော် နေပြည်သူများ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ချမ်းမြေ့စေရန် ပြန်လည် ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်၍ ပဲခူးမြို့၌ ၂၀၂၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန် အပါအဝင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

ရခိုင်ပြည်နယ်သံတွဲမြို့နယ် မြုံပြင်ကျေးရွာအုပ်စု ဗားတောင်းတောင်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မတည်လှူဒါန်းငွေကျပ် သိန်း ၁၀၀ အပါအဝင် စေတနာရှင်အလှူရှင်များ၏ထည့်ဝင်လှူဒါန်း ငွေ စုစုပေါင်းငွေကျပ်သိန်း ၁၅၀၀ အကုန်အကျခံကာ သံတွဲမြို့နယ် မြတင်ကျေးရွာ ဗားတောင်းတောင်ရှိ ပရဟိတ သိမ်ကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ ဦးစီး၍တည်ဆောက် ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အောက်ဆီဂျင်စက်ရုံသစ်ရှေ့၌ ပြုလုပ်ရာပရဟိတ သိမ်ကုန်းကျောင်းတိုက် ဆရာတော်ကြွရောက်တော်မူပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ သံတွဲခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အောက်ဆီဂျင်စက်ရုံဖြစ်မြောက် ရေးအဖွဲ့ဝင်များ၊အလှူရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

ကမ္ဘောဒီးယားနိုင်ငံ Borei Angkor Resort andSpa ၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပသည့် SEAGF COUNCILအစည်းအဝေးသို့မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူးဦးခွန်ဂျာအောင်၊ SOUTH EAST ASIAN GAMES FEDERATION မှ တာဝန်ရှိသူများနှင့် SEAGF COUNCIL အဖွဲ့ဝင်များက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့်စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူယမန်နေ့ကရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

မိဘပြည်သူများသို့ အသိပေးကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Apr 11, 2022

ပညာသင်နှစ်အဆုံး စာမေးပွဲများကျင်းပအပြီး မကြာမီ မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန်ပွဲအခါ ကျရောက်တော့မည်။ သင်္ကြန်အပြီး နွေကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား ကျောင်းသူတို့၏ ကိုယ်ပိုင်အချိန်များက တန်ဖိုးရှိသည့်အချိန်များ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2022

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ စက်ရုံဓမ္မရိပ်သာကျောင်းတိုက်တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်သော “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရရှိသည့်၊ ပဓာန နာယကဆရာတော် ဘဒ္ဒန္တသုမန၏ ဂုဏ်ပြုပူဇော်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် အဆိုပါ ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2022

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် သုံးသီးစိုက် (စပါး၊ ပဲ၊ စပါး) ၆ ဧက စိုက်ပျိုးထားရှိမှုနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဝါးခယ်မ မြို့နယ် သဲကုန်း/ ကြာဖြူကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2022

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပေးပို့ပြီးပြန်လာသည့် မော်တော်ယာဉ်အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး အမျိုးသားတစ်ဦး သေဆုံးကာ ဒုမြို့နယ် ပညာရေးမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအား တပ်မတော် ဧည့်ဂေဟာ၊ အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများကို ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2022

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သမားတော်ကျေးရွာအနောက်ဘက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင်၊ လက်ပံတိုနှင့် သာကြီးတောင်ရေနံမြေတို့သို့ ရေမောင်းနှင်ပေးပို့သည့် ရေမောင်းနှင်သည့် ပန့်စက်ရုံအား ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 10, 2022

(၁၀-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ်တကျ လိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင် ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်